• Follow Us on

Home ထိုင္၀မ္ကို မတိုက္ခိုက္ရန္ တ႐ုတ္ကို အေမရိကန္သတိေပး

ထိုင္၀မ္ကို မတိုက္ခိုက္ရန္ တ႐ုတ္ကို အေမရိကန္သတိေပး

Share this post

၀ါ႐ွင္တန္၊ ေအာက္တိုဘာ ၈
 
ထိုင္၀မ္ကိုျပန္လည္သိမ္းယူရန္ႀကိဳးပမ္းမႈမွန္သမွ်ကို ဆန္႔က်င္ေၾကာင္း အေမရိကန္အမ်ိဳသားလံုၿခံဳေရးအႀကံ ေပးက တ႐ုတ္ႏိုင္ငံကို ဗုဒၶဟူးေန႔တြင္ သတိေပးသည္။
 
ေရာဘတ္ အိုဘ႐ိုင္ယန္က နီဗားဒါးတကၠသိုလ္တြင္ျပဳလုပ္သည့္အခမ္းအနားတစ္ခုတြင္ေျပာျခင္းျဖစ္သည္။
 
တ႐ုတ္ႏိုင္ငံသည္ ပထမကမာၻစစ္မတိုင္မီ ၿဗိတိန္ေတာ္၀င္ေရတပ္ႏွင့္ယွဥ္ၿပိဳင္ရန္ ဂ်ာမနီကႀကိဳးစားၿပီးေနာက္ပိုင္း တႀကိမ္မွမျမင္ရေသးသည့္ အႀကီးအက်ယ္ေရတပ္အင္အားစုစည္းမႈကို တ႐ုတ္ႏုိင္ငံကျပဳလုပ္ေနေၾကာင္း ေျပာသည္။
 
ထိုအားထုတ္မႈတစိတ္တပိုင္းသည္ ပစိဖိတ္သမုဒၵရာအေနာက္ပိုင္းမွ အေမရိကန္ကိုေနာက္ဆုတ္ေစရန္ စြမ္း ရည္႐ွိလာေစၿပီး ထိုင္၀မ္တြင္ကမ္းတက္ႏုိင္ရန္လည္း အခြင့္အေရးရလာေၾကာင္းေျပာသည္။
 
ထိုင္၀မ္နားတြင္ တ႐ုတ္ျပည္မႀကီးကစစ္ေရးလႈပ္႐ွားမႈမ်ားသိသိသာသာျမွင့္တင္လာခ်ိန္ႏွင့္ ၿပီးခဲ့သည့္ ဆယ္စုႏွစ္မ်ားအတြင္း အေမရိကန္-တ႐ုတ္ဆက္ဆံေရးအဆိုးဆံုးအေျခအေနေရာက္ေနခ်ိန္တြင္ ယခုမွတ္ခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။
 
လာမည့္ႏွစ္တြင္ ကာကြယ္ေရးအသံုးစရိတ္ေဒၚလာသန္း ၁၄၀၀ အသံုးျပဳမည္ဆိုသည့္ ထိုင္၀မ္၏အစီအစဥ္ သည္ မလံုေလာက္ေၾကာင္း အဂၤါေန႔တြင္ အေ႐ွ႕အာ႐ွဆိုင္ရာအေမရိကန္အႀကီးတန္းကာကြယ္ေရး အရာ႐ွိတစ္ေယာက္က ေျပာသည္။
 
Ref : US warns China against Taiwan attack, stresses US ‘ambiguity’
 
#Peoplemedia
 
(Unicode)
ထိုင်ဝမ်ကို မတိုက်ခိုက်ရန် တရုတ်ကို အမေရိကန်သတိပေး
…………………………………………..
 
၀ါရှင်တန်၊ အောက်တိုဘာ ၈
 
ထိုင်ဝမ်ကိုပြန်လည်သိမ်းယူရန်ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ကြောင်း အမေရိကန်အမျိုသားလုံခြုံရေးအကြံ ပေးက တရုတ်နိုင်ငံကို ဗုဒ္ဓဟူးနေ့တွင် သတိပေးသည်။
 
ရောဘတ် အိုဘရိုင်ယန်က နီဗားဒါးတက္ကသိုလ်တွင်ပြုလုပ်သည့်အခမ်းအနားတစ်ခုတွင်ပြောခြင်းဖြစ်သည်။
 
တရုတ်နိုင်ငံသည် ပထမကမ္ဘာစစ်မတိုင်မီ ဗြိတိန်တော်ဝင်ရေတပ်နှင့်ယှဉ်ပြိုင်ရန် ဂျာမနီကကြိုးစားပြီးနောက်ပိုင်း တကြိမ်မှမမြင်ရသေးသည့် အကြီးအကျယ်ရေတပ်အင်အားစုစည်းမှုကို တရုတ်နိုင်ငံကပြုလုပ်နေကြောင်း ပြောသည်။
 
ထိုအားထုတ်မှုတစိတ်တပိုင်းသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှ အမေရိကန်ကိုနောက်ဆုတ်စေရန် စွမ်း ရည်ရှိလာစေပြီး ထိုင်ဝမ်တွင်ကမ်းတက်နိုင်ရန်လည်း အခွင့်အရေးရလာကြောင်းပြောသည်။
 
ထိုင်ဝမ်နားတွင် တရုတ်ပြည်မကြီးကစစ်ရေးလှုပ်ရှားမှုများသိသိသာသာမြှင့်တင်လာချိန်နှင့် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အမေရိကန်-တရုတ်ဆက်ဆံရေးအဆိုးဆုံးအခြေအနေရောက်နေချိန်တွင် ယခုမှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
 
လာမည့်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ဒေါ်လာသန်း ၁၄၀၀ အသုံးပြုမည်ဆိုသည့် ထိုင်ဝမ်၏အစီအစဉ် သည် မလုံလောက်ကြောင်း အင်္ဂါနေ့တွင် အရှေ့အာရှဆိုင်ရာအမေရိကန်အကြီးတန်းကာကွယ်ရေး အရာရှိတစ်ယောက်က ပြောသည်။
 
Ref : US warns China against Taiwan attack, stresses US ‘ambiguity’
 
#Peoplemedia

Share this post