• Follow Us on

Home ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းပါက စစ်ပွဲဟုအဓိပ္ပာယ်သက်ရောက်ကြောင်း တရုတ်သတိပေး

ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းပါက စစ်ပွဲဟုအဓိပ္ပာယ်သက်ရောက်ကြောင်း တရုတ်သတိပေး

Share this post

ဘေကျင်း၊ ဇန်နဝါရီ ၃၀
ထိုင်ဝမ်ကျွန်းလွတ်လပ်ရေးအတွက် ကြိုးစားမှုတိုင်းသည် စစ်ပွဲဟု အဓိပ္ပာယ်သက်ရောက်ကြောင်း တရုတ်နိုင်ငံ ကသတိပေးသည်။
ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများနှင့်စစ်လေယာဉ်များကို အရှိန်မြှင့်တင်ပြီးရက်ပိုင်းအကြာတွင် တရုတ်က သတိပေးခြင်းဖြစ်သည်။
ထိုင်ဝမ်အရေးကတိကဝတ်များကို အမေရိကန်သမ္မတသစ် ဂျိုး ဘိုင်ဒန်က ထပ်မံအတည်ပြုပြီးနောက် အာရှတွင် ရပ်တည်မှုကိုထုတ်ပြောပြီးနောက် ယခုဖြစ်ရပ်ဖြစ်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏နောက်ဆုံးသတိပေးချက်သည် ကံမကောင်းအကြောင်းမလှသည့်လုပ်ရပ်ဟု အမေရိကန်က သတ်မှတ်ပြီး တင်းမာမှုများသည် ထိပ်တိုက်တွေ့ဆုံမှုကဲ့သို့အရာများဖြစ်ရန်မလိုအပ်ဟုလည်း တုံ့ပြန်သည်။
ထိုင်ဝမ်သည် ပြည်မကြီးမှဝေးကွာနေသည့်ပြည်နယ်တခုဟု တရုတ်ဘက်ကယူဆထားသော်လည်း ကိုယ်ပိုင်ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ စစ်တပ်နှင့် ရွေးကောက်ခံခေါင်းဆောင်များရှိသည့်ထိုင်ဝမ်က အချုပ်အခြာအာဏာ ပိုင်နိုင်ငံဟု မှတ်ယူထားသည်။
ထိုင်ဝမ်အစိုးရက တရားဝင်လွတ်လပ်ရေးကြေညာရန်လုပ်ဆောင်နေခြင်းကို တရုတ်ပြည်မကြီး ပိုမိုစိုးရိမ်လာပြီး ထိုအခြေအနေသို့ခြေလှမ်းမလှမ်းရန် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကို သတိပေးချင်သည်ဟု နိုင်ငံရေးအကဲ ခတ်များကပြောသည်။
Ref : China warns Taiwan independence ‘means war’ as US pledges support
#PeopleMedia
(unicode)
…………………………………………………
Ref : China warns Taiwan independence ‘means war’ as US pledges support
#PeopleMedia


Share this post