• Follow Us on

Home ထိုင္၀မ္ေရလက္ၾကားတည္ၿငိမ္ႏိုင္ေခ်ကို အေမရိကန္ေလွ်ာ့တြက္ေနေၾကာင္း တ႐ုတ္ေျပာ

ထိုင္၀မ္ေရလက္ၾကားတည္ၿငိမ္ႏိုင္ေခ်ကို အေမရိကန္ေလွ်ာ့တြက္ေနေၾကာင္း တ႐ုတ္ေျပာ

Share this post

ေဘက်င္း၊ ေအာက္တိုဘာ ၁၅
တ႐ုတ္ျပည္မႀကီးႏွင့္ ထိုင္၀မ္ကၽြန္းတို႔ၾကား တင္းမာမႈမ်ား႐ွိေနခ်ိန္တြင္ ေရပိုင္နက္နားသို႔ အေမရိကန္ေရ တပ္ဖ်က္သေဘၤာတစင္းျဖတ္သန္းသြားၿပီးေနာက္ အေမရိကန္ျပည္ေထာင္စုသည္ ထိုင္၀မ္ေရလက္ၾကား တည္ၿငိမ္ႏုိင္မႈကို ေလွ်ာ့တြက္ေနသည္ဟု တ႐ုတ္ျပည္မႀကီးကၾကာသပေတးေန႔တြင္ေျပာသည္။
ဗုဒၶဟူးေန႔တြင္ ထိုင္၀မ္ေရလက္ၾကားတြင္ပံုမွန္လမ္းေၾကာင္းေျပာင္းျခင္းဟုေျပာသည့္ အေမရိကန္ေရ တပ္မွဖ်က္သေဘၤာ ယအက္စ္အက္စ္ ဘယ္ရီ ျဖတ္သန္းသြားသည္ကို တ႐ုတ္စစ္တပ္ကလိုက္လံ ေစာင့္ၾကည့္ခဲ့သည္ဟု တ႐ုတ္အေ႐ွ႕ပိုင္းႀကီးၾကပ္ကြပ္ကဲမႈဌာနခ်ဳပ္ေျပာခြင့္ရသူ က်န္းခၽြန္ဟီြးကထုတ္ျပန္ခ် က္တရပ္တြင္ေျပာသည္။
ထိုင္၀မ္သည္ ျပည္မႀကီးႏွင့္ကြဲကြာေနသည့္ျပည္နယ္တခုဟု တ႐ုတ္ျပည္မႀကီးက ယူဆထားၿပီး လိုအပ္ပါက အင္အားသံုးၿပီးျပန္လည္ေပါင္းစည္းရန္အထိ ႐ွိေနသည္။
အျခားတဖက္တြင္လည္း ထိုင္၀မ္သည္ အေရးႀကီးေသာဒီမိုကေရစီေနရာတခုဟုသတ္မွတ္ထားသည့္အေ မရိကန္က မၾကာေသးမီကာလအတြင္း ေထာက္ပံ့မႈမ်ားတိုးျမွင့္လာခဲ့သည္။
အေမရိကန္ႏွင့္ထိုင္၀မ္တို႔က ထိုင္၀မ္လြတ္လပ္ေရးတရား၀င္ေၾကညာႏိုင္ရန္ ထိေတြ႔ေနၾကသည္ဟု တ႐ုတ္ျပည္မႀကီးကစြပ္စြဲၿပီး မၾကာေသးမီက ထိုင္၀မ္ကၽြန္းနားတြင္ တပ္အင္အားျပသည့္စစ္ေရးေလ့က်င့္ မႈလုပ္ခဲ့သည္။
MQ-9 ဒ႐ုန္းမ်ားအျပင္ ကမ္း႐ိုးတန္းကာကြယ္ေရးဒံုးက်ည္စနစ္အပါအ၀င္ စစ္လက္နက္မ်ားေရာင္းခ်ရန္ အိမ္ျဖဴေတာ္က တိုက္တြန္းေနသည္။
ယူအက္စ္အက္စ္ဘယ္ရီသည္ ေျမာက္ဘက္ကိုဦးတည္ခုတ္ေမာင္းခဲ့ၿပီး ထိုင္၀မ္တပ္ဖြဲ႔မ်ားက လိုက္လံၾကည့္႐ွဳခဲ့သည့္အျပင္ အေျခအေနပံုမွန္အတိုင္းျဖစ္ေနသည္ဟု ထိုင္၀မ္ကာကြယ္ေရး၀န္ႀကီးဌာနက သီးျခားထုတ္ျပန္ခ်က္တခုတြင္ေျပာသည္။
Ref : China says US seriously undermining Taiwan Strait’s stability
#Peoplemedia
(unicode)
ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်နိုင်ချေကို အမေရိကန်လျှော့တွက်နေကြောင်း တရုတ်ပြော
………………………………………………………………….
ဘေကျင်း၊ အောက်တိုဘာ ၁၅
တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းတို့ကြား တင်းမာမှုများရှိနေချိန်တွင် ရေပိုင်နက်နားသို့ အမေရိကန်ရေ တပ်ဖျက်သင်္ဘောတစင်းဖြတ်သန်းသွားပြီးနောက် အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်နိုင်မှုကို လျှော့တွက်နေသည်ဟု တရုတ်ပြည်မကြီးကကြာသပတေးနေ့တွင်ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်ရေလက်ကြားတွင်ပုံမှန်လမ်းကြောင်းပြောင်းခြင်းဟုပြောသည့် အမေရိကန်ရေ တပ်မှဖျက်သင်္ဘော ယအက်စ်အက်စ် ဘယ်ရီ ဖြတ်သန်းသွားသည်ကို တရုတ်စစ်တပ်ကလိုက်လံ စောင့်ကြည့်ခဲ့သည်ဟု တရုတ်အရှေ့ပိုင်းကြီးကြပ်ကွပ်ကဲမှုဌာနချုပ်ပြောခွင့်ရသူ ကျန်းချွန်ဟွီးကထုတ်ပြန်ချ က်တရပ်တွင်ပြောသည်။
ထိုင်ဝမ်သည် ပြည်မကြီးနှင့်ကွဲကွာနေသည့်ပြည်နယ်တခုဟု တရုတ်ပြည်မကြီးက ယူဆထားပြီး လိုအပ်ပါက အင်အားသုံးပြီးပြန်လည်ပေါင်းစည်းရန်အထိ ရှိနေသည်။
အခြားတဖက်တွင်လည်း ထိုင်ဝမ်သည် အရေးကြီးသောဒီမိုကရေစီနေရာတခုဟုသတ်မှတ်ထားသည့်အေ မရိကန်က မကြာသေးမီကာလအတွင်း ထောက်ပံ့မှုများတိုးမြှင့်လာခဲ့သည်။
အမေရိကန်နှင့်ထိုင်ဝမ်တို့က ထိုင်ဝမ်လွတ်လပ်ရေးတရားဝင်ကြေညာနိုင်ရန် ထိတွေ့နေကြသည်ဟု တရုတ်ပြည်မကြီးကစွပ်စွဲပြီး မကြာသေးမီက ထိုင်ဝမ်ကျွန်းနားတွင် တပ်အင်အားပြသည့်စစ်ရေးလေ့ကျင့် မှုလုပ်ခဲ့သည်။
MQ-9 ဒရုန်းများအပြင် ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ်အပါအဝင် စစ်လက်နက်များရောင်းချရန် အိမ်ဖြူတော်က တိုက်တွန်းနေသည်။
ယူအက်စ်အက်စ်ဘယ်ရီသည် မြောက်ဘက်ကိုဦးတည်ခုတ်မောင်းခဲ့ပြီး ထိုင်ဝမ်တပ်ဖွဲ့များက လိုက်လံကြည့်ရှုခဲ့သည့်အပြင် အခြေအနေပုံမှန်အတိုင်းဖြစ်နေသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တခုတွင်ပြောသည်။
Ref : China says US seriously undermining Taiwan Strait’s stability

Share this post