• Follow Us on

Home ထိုင္၀မ္ေရလက္ၾကားမွ တ႐ုတ္ဂ်က္တိုက္ေလယာဥ္မ်ား နယ္ေက်ာ္ေန ဟု ထိုင္၀မ္ေျပာ

ထိုင္၀မ္ေရလက္ၾကားမွ တ႐ုတ္ဂ်က္တိုက္ေလယာဥ္မ်ား နယ္ေက်ာ္ေန ဟု ထိုင္၀မ္ေျပာ

Share this post

တိုင္ေပ၊ ၾသဂုတ္ ၁၁

တနလၤာေန႔တြင္ ထိုင္၀မ္ေရလက္ၾကားအလယ္မ်ဥ္းေက်ာ္ေနသည့္ဂ်က္တိုက္ေလယာဥ္မ်ားကို တ႐ုတ္ျပည္မ ႀကီးက တပ္စြဲခဲ့သည္ဟု ထိုင္၀မ္ကာကြယ္ေရး၀န္ႀကီးဌာနကေျပာသည္။

ၿပီးခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း အေမရိကန္အစိုးရအဖြဲ႔၀င္က်န္းမာေရးႏွင့္ လူသား၀န္ေဆာင္မႈ၀န္ႀကီး အဲလက္က္စ္အဇား၏ ပထမဆံုးထိုင္၀မ္ခရီးစဥ္႐ွိေနၿပီး တနလၤာေန႔က ထိုင္၀မ္သမၼတႏွင့္ အဇားတို႔ေတြ႕ဆံုခဲ့ ခ်ိန္တြင္ ယခုျဖစ္ရပ္မ်ားေပၚေပါက္လာျခင္းျဖစ္သည္။

တနလၤာေန႔မနက္ပိုင္းတြင္ တ႐ုတ္ျပည္မႀကီး၏ J-10 ႏွင့္ J-11 ဂ်က္တိုက္ေလယာဥ္မ်ားက ထိုင္၀မ္ေရ လက္ၾကားအလယ္မ်ဥ္းကိုျဖတ္သန္းသြားၿပီး ထိုင္၀မ္ႏွင့္တ႐ုတ္ျပည္မႀကီး၏ တရား၀င္မဟုတ္ေသာေလေၾကာင္း ပိုင္နက္သတ္မွတ္ခ်က္ကို ေက်ာ္ျဖတ္သြားေၾကာင္း ထိုင္၀မ္ေလတပ္ကေျပာသည္။

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္PLA တိုက္ေလယာဥ္မ်ားကို ေျမျပင္အေျခစိုက္ေလယာဥ္ဖ် က္ဒံုးပ်ံမ်ားႏွင့္ ေျခရာခံမိခဲ့ၿပီး ျပင္းျပင္းထန္ထန္ေမာင္းထုတ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ထိုင္၀မ္ကာ ကြယ္ေရး၀န္ႀကီးဌာနကေျပာသည္။

တ႐ုတ္စစ္စြမ္းအားျပသမႈသည္ အဇားႏွင့္ထိုင္၀မ္သမၼတဆိုင္အင္း၀မ္တို႔ေတြ႕ဆံုၿပီး ထိုင္၀မ္ကို အင္တိုက္အား တိုက္ေထာက္ခံေၾကာင္းႏွင့္ ကမာၻ႔ကပ္ေရာဂါတံု႔ျပန္မႈေအာင္ျမင္ျခင္းအေပၚအသိအမွတ္ျပဳေၾကာင္း အေမရိ ကန္က သတင္းစကားပါးရန္ရည္မွန္းထားသည့္အခ်ိန္တြင္ ျဖစ္ေပၚလာသည္။

တ႐ုတ္ျပည္မႀကီးႏွင့္အေမရိကန္ႏိုင္ငံတို႔ၾကား ကုန္သြယ္ေရး၊ နည္းပညာ၊ သေဘာတရား၊ ေတာင္တ႐ုတ္ပ င္လယ္ႏွင့္ ကမာၻ႔ကပ္ေရာဂါတို႔တြင္ အေခ်အတင္ေျပာဆိုမႈမ်ား႐ွိေနသည္။

တစ္ခ်ိန္တည္းတြင္ ထိုင္၀မ္ႏွင့္အေမရိကန္တို႔ၾကား အျပန္အလွန္ဆက္ဆံမႈပိုျမင့္တက္ေနသည္။

ထိုင္၀မ္သည္ သူတို႔အခ်ဳပ္အျခာအာဏာပိုင္ျဖစ္ေၾကာင္း တ႐ုတ္ျပည္မႀကီးကေျပာထားၿပီး ျပန္လည္ရယူ မည္ဟု ေျပာထားသည္။

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း လက္နက္ေရာင္းခ်မႈႏွင့္ သံတမန္မ်ားအျပန္အလွန္သြားလာမႈအပါအ၀င္ အေမရိကန္ ၏ထိုင္၀မ္အေပၚေထာက္ပံ့မႈမ်ားကို တ႐ုတ္ျပည္တြင္းေရးအေပၚ၀င္ေရာက္စြက္ဖက္မႈဟု ျပည္မႀကီးဘက္က ႐ွဳတ္ခ်သည္။

Ref : Fighter jets cross a line in Taiwan Strait, says Taipei as it hosts US health official amid rising US-China tension

#PeopleMedia

(unicode)
ထိုင်ဝမ်ရေလက်ကြားမှ တရုတ်ဂျက်တိုက်လေယာဉ်များ နယ်ကျော်နေ ဟု ထိုင်ဝမ်ပြော
…………………………………………………

တိုင်ပေ၊ ဩဂုတ် ၁၁

တနင်္လာနေ့တွင် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကျော်နေသည့်ဂျက်တိုက်လေယာဉ်များကို တရုတ်ပြည်မ ကြီးက တပ်စွဲခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အမေရိကန်အစိုးရအဖွဲ့ဝင်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဝန်ကြီး အဲလက်က်စ်အဇား၏ ပထမဆုံးထိုင်ဝမ်ခရီးစဉ်ရှိနေပြီး တနင်္လာနေ့က ထိုင်ဝမ်သမ္မတနှင့် အဇားတို့တွေ့ဆုံခဲ့ ချိန်တွင် ယခုဖြစ်ရပ်များပေါ်ပေါက်လာခြင်းဖြစ်သည်။

တနင်္လာနေ့မနက်ပိုင်းတွင် တရုတ်ပြည်မကြီး၏ J-10 နှင့် J-11 ဂျက်တိုက်လေယာဉ်များက ထိုင်ဝမ်ရေ လက်ကြားအလယ်မျဉ်းကိုဖြတ်သန်းသွားပြီး ထိုင်ဝမ်နှင့်တရုတ်ပြည်မကြီး၏ တရားဝင်မဟုတ်သောလေကြောင်း ပိုင်နက်သတ်မှတ်ချက်ကို ကျော်ဖြတ်သွားကြောင်း ထိုင်ဝမ်လေတပ်ကပြောသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်PLA တိုက်လေယာဉ်များကို မြေပြင်အခြေစိုက်လေယာဉ်ဖျ က်ဒုံးပျံများနှင့် ခြေရာခံမိခဲ့ပြီး ပြင်းပြင်းထန်ထန်မောင်းထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးဌာနကပြောသည်။

တရုတ်စစ်စွမ်းအားပြသမှုသည် အဇားနှင့်ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်တို့တွေ့ဆုံပြီး ထိုင်ဝမ်ကို အင်တိုက်အား တိုက်ထောက်ခံကြောင်းနှင့် ကမ္ဘာ့ကပ်ရောဂါတုံ့ပြန်မှုအောင်မြင်ခြင်းအပေါ်အသိအမှတ်ပြုကြောင်း အမေရိ ကန်က သတင်းစကားပါးရန်ရည်မှန်းထားသည့်အချိန်တွင် ဖြစ်ပေါ်လာသည်။

တရုတ်ပြည်မကြီးနှင့်အမေရိကန်နိုင်ငံတို့ကြား ကုန်သွယ်ရေး၊ နည်းပညာ၊ သဘောတရား၊ တောင်တရုတ်ပ င်လယ်နှင့် ကမ္ဘာ့ကပ်ရောဂါတို့တွင် အချေအတင်ပြောဆိုမှုများရှိနေသည်။

တစ်ချိန်တည်းတွင် ထိုင်ဝမ်နှင့်အမေရိကန်တို့ကြား အပြန်အလှန်ဆက်ဆံမှုပိုမြင့်တက်နေသည်။

ထိုင်ဝမ်သည် သူတို့အချုပ်အခြာအာဏာပိုင်ဖြစ်ကြောင်း တရုတ်ပြည်မကြီးကပြောထားပြီး ပြန်လည်ရယူ မည်ဟု ပြောထားသည်။

ပြီးခဲ့သည့်နှစ်များအတွင်း လက်နက်ရောင်းချမှုနှင့် သံတမန်များအပြန်အလှန်သွားလာမှုအပါအဝင် အမေရိကန် ၏ထိုင်ဝမ်အပေါ်ထောက်ပံ့မှုများကို တရုတ်ပြည်တွင်းရေးအပေါ်ဝင်ရောက်စွက်ဖက်မှုဟု ပြည်မကြီးဘက်က ရှုတ်ချသည်။

Ref : Fighter jets cross a line in Taiwan Strait, says Taipei as it hosts US health official amid rising US-China tension

#PeopleMedia


Share this post