• Follow Us on

Home ထိုင်ဝမ်-ကနေဒါ ရုပ်ရှင်မင်းသား ဂေါ့ဖရေးဂေါင် ရိုက်ကွင်းတွင် လဲကျသေဆုံး


Share this post





Ref; https://www.scmp.com/


(Unicode)
ထိုင်ဝမ်-ကနေဒါ ရုပ်ရှင်မင်းသား ဂေါ့ဖရေးဂေါင် ရိုက်ကွင်းတွင် လဲကျသေဆုံး
………………………………………………………

ထိုင်ဝမ်နွယ်ဖွား ကနေဒီနိုင်ငံသား ရုပ်ရှပ်သရုပ်ဆောင် ဂေါ့ဖရေးဂေါင်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ရိုက်ကူးနေတဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ရုတ်တရက်လဲကျသေဆုံးသွားခဲ့ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂေါင်ရဲ့သေဆုံးမှုကို ၄င်းရဲ့ထိုင်ဝမ်အေဂျင်စီဖြစ်တဲ့ JetStar Entertainment က ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

Chase Me ဆိုတဲ့ ရုပ်သံအစီအစဉ်တစ်ခုကို နင်ဘိုမြို့မှာ ရိုက်ကူးနေစဉ် ဂေါင်ဟာ ရုတ်တရက်လဲကျသွား ခဲ့တာဖြစ်ပြီး ၃ နာရီနီးပါး ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခဲ့ပေမယ့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဂေါင်ရဲ့ မိသားစုဝင်တွေရဲ့ ပူဆွေးဝမ်းနည်းမှုကို နားလည်ပေးတဲ့အနေနဲ့ မိသားစုဝင်တွေကို အရမ်းမစွက်ဖက် ကြဖို့လည်း ဂေါင်ရဲ့အနုပညာအေဂျင်စီက ပန်ကြားထားပါတယ်။

Ref; https://www.scmp.com/

#PeopleMedia #International


Share this post