• Follow Us on

Home ထိုင်ဝမ်က လာမည့်အပတ်တွင် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ် တည်ဆောက်မှု စတင်မည်

ထိုင်ဝမ်က လာမည့်အပတ်တွင် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ် တည်ဆောက်မှု စတင်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၀(people media)

ထိုင်ဝမ်က လာမည့်အပတ်တွင် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောရှစ်စင်းအနက် ပထမတစ်စင်း တည် ဆောက်မှုစတင်မည်ဟု ယနေ့ ပြောကြားလိုက်သည်။

ယခုစီမံကိန်းက တရုတ်နိုင်ငံ၏ ခေတ်မီတပ်မတော် တည်ဆောက်လာမှုကို ရင်ဆိုင်နိုင်ရန် ကာကွယ်ရေး စွမ်းပကား မြှင့်တင်မည့်ရည်ရွယ်ချက်ဖြစ်သည်။

ထိုင်ဝမ်၌ လက်ရှိအချိန်တွင် ရေငုပ်သင်္ဘောလေးစင်းရှိပြီး နှစ်စင်းက ဒုတိယကမ္ဘာစစ်လက်ကျန်များဖြစ်ကာ နျူကလီးယားလက်နက်များ ပစ်လွှတ်နိုင်သော ရေယာဉ်များပို င်ဆိုင်ထားသည့် တရုတ်ရေတပ်ကို မယှဉ်နိုင် ပေ။

ပြည်တွင်း၌ ရေငုပ်သင်္ဘောတည်ဆောက်ရေး စီမံကိန်းက သမ္မတ ဆိုင်အင်ဝမ်း၏ ခေတ်မီတပ်မတော် အ ဆင့်မြှင့်တင်ရေးနှင့် ကိုယ့်အားကိုယ်ကိုးရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဇေဗီးယားချန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

“ရေငုပ်သင်္ဘောတည်ဆောက်ရေး စီမံချက်မှာ သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။ လာမဲ့သီတင်းပတ် မှာပြုလုပ်မဲ့ ရေငုပ်သင်္ဘောတည်ဆောက်မှု စတင်တဲ့အခမ်းအနားကို သမ္မတ ဆိုင်အင်ဝမ်း တက်ရောက်မှာဖြစ်ပါ တယ်” ဟု ၄င်းက ဆိုသည်။

ထိုင်ဝမ်က တရုတ်နိုင်ငံ၏ တိုးမြှင့်ဖိအားပေးမှု ရင်ဆိုင်နေရသည်။ တရုတ်တိုက်လေယာဉ်များက မကြာခဏဆိုသလို ထိုင်ဝမ်ရေလက်ကြားအနီး ဖြတ်ကျော်ဝင်ရောက်ကာ ပျံသန်းမှုများပြုလုပ်ခြင်း၊ ရန်စခြင်းများ ပြုလုပ်လေ့ရှိသည်။

ကိုးကား – ရိုက်တာ

Ref; Taiwan to start building new submarine fleet next week

(unicode)
……………………………………………….









Ref; Taiwan to start building new submarine fleet next week


Share this post