• Follow Us on

Home ထိတွေ့မှုဖြစ်ပြီးဖမ်းဆီးထားတဲ့ အိန္ဒိယစစ်သားတွေကို တရုတ်ပြန်လွှတ်


Share this post

နယူးဒေလီ၊ ဇွန် ၁၉








#PeopleMedia

(unicode)
ထိတွေ့မှုဖြစ်ပြီးဖမ်းဆီးထားတဲ့ အိန္ဒိယစစ်သားတွေကို တရုတ်ပြန် လွှတ်
……………………………………………………

နယူးဒေလီ၊ ဇွန် ၁၉

တနင်္လာနေ့က ထိပ်တိုက်ရင်ဆိုင်မှုတွေအပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ အိန္ဒိယစစ်သား ၁၀ ယောက်ကို တရုတ် ဘက်က ပြန်လွှတ်ပေးလိုက်တယ်လို့ အိန္ဒိယမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးတစ်ယောက်နဲ့ ဗိုလ်မှူး ၃ ယောက်ပါဝင်တယ်လို့ စစ်တပ် သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Hindu သတင်းစာကဖော်ပြပါတယ်။

ပြန်လွှတ်ပေးတာနဲ့ ဖမ်းဆီးခံထားရတာနှစ်ခုစလုံးကို အိန္ဒိယအစိုးရက အတည်မပြုသေးပါဘူး။

ဂါလွမ်တောင်ကြားမှာ သေနတ်ပစ်ဖောက်ခြင်းမရှိဘဲ တုတ်တွေ၊ ကျောက်ခဲတွေနဲ့ အနီးကပ်တိုက်ခိုက်ခဲ့တဲ့ ထိပ် တိုက်ရင်ဆိုင်မှုကြောင့် အနည်းဆုံးအိန္ဒိယတပ်ဖွဲ့ဝင်အယောက် ၂၀ သေဆုံးခဲ့ပြီး အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

တရုတ်စစ်တပ်ဘက်မှာလည်း အထိအခိုက်ရှိကြောင်း အိန္ဒိယစစ်သားတွေကပြောပေမဲ့ တရုတ်ဘက်က အတည်မပြုသေးပါဘူး။

နယ်မြေကျူးကျော်ခဲ့လို့ ပြန်တုံ့ပြန်ခဲ့တာဆိုပြီး တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်စွပ်စွဲနေကြပါတယ်။

Ref : Galwan Valley: Ten Indian soldiers reportedly released by China

#PeopleMedia


Share this post