• Follow Us on

Home ထီစာအုပ်များဝယ်ယူရောင်းချရန် သဘောတူကတိစာချုပ်ချုပ်ဆိုပြီး စာချုပ်ပါ သဘောတူညီချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်စဲခြင်း၊ အာမခံငွေများ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူ ခြင်း၊ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် ထုတ်ပြန်

ထီစာအုပ်များဝယ်ယူရောင်းချရန် သဘောတူကတိစာချုပ်ချုပ်ဆိုပြီး စာချုပ်ပါ သဘောတူညီချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်စဲခြင်း၊ အာမခံငွေများ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူ ခြင်း၊ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉ (People Media)

 

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီစာအုပ် များကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ရာ ထီစာ အုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် ဖော်ပြပါအချက်များနှင့်အညီ ဆောင်ရွက်ရန် ပြည်တွင်းအခွန်ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

ထီလုပ်ငန်းရှင်အဟောင်းများအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လစဉ် ကျပ် ၁၀၀၀ တန်ထီ (၅၀၀) အုပ်နှင့် အထက်ရရှိသူများဖြစ်ပါက မိမိနေထိုင်ရာ (သို့) လုပ်ငန်းတည်ရှိရာ မြို့နယ်အချိန်ဦးစီးဌာနမှူးရုံးမှ ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စဆောင်ရွက်ပြီးကြောင်း ထောက်ခံစား မူရင်း/မိတ္တူ (သို့) ထီဆိုင်လုပ်ငန်း အတွက် အခွန်ကိစ္စလုံလောက်သော အစီအစဉ်များပြုလုပ်ပြီးကြောင်း ထောက်ခံစာမူရင်းမိတ္တူများကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

ထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် တစ်လလျှင် မိမိရောင်းရမည့် ထီစာအုပ် အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက်ကို ဖော်ပြလျက် မပျက်မကွက် ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူကတိ စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း  ကြေညာထားသည်။

 

ထီစာအုပ်များဝယ်ယူရောင်းချရန် သဘောတူကတိစာချုပ်ချုပ်ဆိုပြီး စာချုပ်ပါ သဘောတူညီချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်စဲခြင်း၊ အာမခံငွေများ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူ ခြင်း၊ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

လျှောက်လွှာများကို သက်ဆိုင်ရာရုံးများသို့ ဇန်နဝါရီလ ၂၀ရက်နေ့မှ ဇန်နဝါရီ ၃၁ ရက်နေ့အတွင်း တင်သွင်းရ မည်ဖြစ်ပြီး၊ လစဉ်ဝယ်ယူခွင့် ရရှိထားသော ထီစာအုပ်အရေအတွက်အရ ထီလက်မှတ် (၁၁) စောင်ပါ ထီစာ အုပ်တစ်အုပ်လျှင် အာမံငွေ (၂၀၀) ကျပ်နှုန်းဖြင့် (၃) လစာအတွက် ကျပ် (၆၀၀) ကို ကြိုတင်ပေးသွင်းရမည် ဖြစ်ကြောင်း ကြေညာထားသည်။

 

ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရရှိပါက အာမခံငွေ ပေးသွင်းခြင်း၊ သဘောတူ ကတိစာချုပ်ချုပ်ဆိုခြင်းများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသည့်အချိန်အတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ပါက ထီစာအုပ်ဝယ်ယူခွင့် ရရှိ သူစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

#PeopleMedia #အောင်ဘာလေ

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 



Share this post