• Follow Us on

Home ထီးချိုင့်မြို့နယ်၌ အမျိုးသားနှစ်ဦး မိုင်းထောင်စဉ် မိုင်းကွဲ၍ သေဆုံး

ထီးချိုင့်မြို့နယ်၌ အမျိုးသားနှစ်ဦး မိုင်းထောင်စဉ် မိုင်းကွဲ၍ သေဆုံး

Share this post

ထီးချိုင့်၊ မတ် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအုပ်စု၊ မလိုင်ခြုံကျေးရွာအနီး နီကယ်ဆိပ်ကမ်း သွားကွန်ကရစ်ကားလမ်း၌ အမျိုးသားနှစ်ဦးသည် မိုင်းထောင်စဉ် မိုင်းကွဲ၍ သေဆုံးခဲ့သည်။

 

“ဒီနေ့ နံနက်ပိုင်းမှာ ဖြစ်တာပါ။ မိုင်းကွဲပြီးသေသွားတာ။ အမျိုးသားနှစ်ဦးပါ။ မိုင်းတွေလည်း တွေ့ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ အမျိုးသားနှစ်ဦး၏ အလောင်းအနီး၌ တူမီးအရှည် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ ဝါယာကြိုး ၁၅ ပေ၊ ဘထ္ထရီ ၁ လုံးတို့ တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

(unicode)


……………………………

 


 


 


 



Share this post