• Follow Us on

Home ထီးချိုင့်မြို့နယ်၌ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် နှင်းဆီပါတီဝင် အမျိုးသမီးတစ်ဦးတို့ အသတ်ခံရ

ထီးချိုင့်မြို့နယ်၌ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် နှင်းဆီပါတီဝင် အမျိုးသမီးတစ်ဦးတို့ အသတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် နှင်းဆီပါတီဝင်အမျိုးသမီးအသတ်ခံရ ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ထီးချိုင့်မြို့နယ်၊ တယ်တောရွာ ၄ ရွာ အုပ်စု အုပ်ချုပ်ရေးမှူးသည် အမှတ် ၁ ရပ်ကွက် ရွှေအိုကြီးလက်ဖက်ရည်ဆိုင်တွင်ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ ကြောင်း သိရှိရသည်။

 

ထို့အပြင် အဆိုပါထီးချိုင့်မြို့နယ်၊ ကြက်တကောင်ကျေးရွာတွင်နေထိုင်သည့် နှင်းဆီပါတီဝင်အမျိုးသမီးတစ်ဦး လည်း စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းအချိန်တွင် ဆိုင်ကယ် ၁၀ စီးဖြင့် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

 

ယင်းကဲ့သို့ မည်သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သည်ကိုမူ မသိရှိရသေးပေ။

 

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နှင်းဆီပါတီဝင် ကိုယ်စားလှယ်လောင်း၏ မိသားစုဝင် ၄ ဦး ပစ် ခတ်သတ်ဖြတ်ခံရမှုလည်းရှိသည်။ နှင်းဆီပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ငွေကြေးအရှုပ်အရှင်းများနှင့် အခြားကိစ္စရပ်များကြောင့် ပါတီကို ရွေးကောက်ပွဲကော်မရှင်မှ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။

 

#PeopleMedia #ထီးချိုင့် #အုပ်ချုပ်ရေးမှူး #နှင်းဆီပါတီ

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post