• Follow Us on

Home ထီးလင်းမြို့နယ်၌ အမျိုးသားတစ်ဦးသည် ၎င်း၏ သား/သမီး ကလေးငယ်နှစ်ဦးတို့နှင့်အတူ ဆိုင်ကယ်စီးနင်း နေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

ထီးလင်းမြို့နယ်၌ အမျိုးသားတစ်ဦးသည် ၎င်း၏ သား/သမီး ကလေးငယ်နှစ်ဦးတို့နှင့်အတူ ဆိုင်ကယ်စီးနင်း နေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

မကွေး၊ ဇန်နဝါရီ ၃၁ (People Media)

 

ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၌ အမျိုးသားတစ်ဦသည် ၎င်း၏ သား/သမီး ကလေးငယ်နှစ်ဦးတို့နှင့်အတူ ဆိုင်ကယ်စီးနင်းနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

လုပ်ကြံခံရသူမှာ ထီးလင်းမြို့နေ ဦးစိုးမင်းဦးဆိုသူဖြစ်ပြီး အသက် ၆ နှစ်အရွယ် သမီးငယ်ဖြစ်သူနှင့် အသက် ၈ နှစ်အရွယ် သားဖြစ်သူတို့အား ခေါ်ဆောင်ကာ ထလင်းကျေးရွာသို့ သွားရောက်စဉ် ကျေးရွာအနီးအရောက်၌ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“အဖေဖြစ်တဲ့သူက သေနတ်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ သေပါတယ်။ ကလေးနှစ်ယောက်ထဲမှာ ၆ နှစ်အရွယ် သမီးဖြစ်တဲ့သူကတော့ သေနတ်ကျည်မှန်တယ် မစိုးရိမ်ဘူး နောက် အသက် ၈ နှစ်အရွယ် ကလေး ကတော့ ဆိုင်ကယ်မှောက်လို့ ဒဏ်ရာရတယ်။ အခုလောလောဆယ်ဆယ်မှာတော့ သူ့မိခင်ဘက်ကို ပို့ပေးထား ပါတယ်” ဟု လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မကွေးတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နေ့စဉ် နှစ်ဘက် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်လျက်ရှိသည်။

 

Photo – credit

 

#PeopleMedia #ထီးလင်း #လုပ်ကြံသတ်ဖြတ်မှု

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post