• Follow Us on

Home ထီးလင်းမြို့နယ်၌ ထွေအုပ်စာရေး၏ တစ်မိသားစုလုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက် သတ်ဖြတ်ရာ မိန်းမနှင့် ကလေးငယ်သေဆုံးပြီး ကျန်နှစ်ယောက်ဒဏ်ရာများဖြင့် လွတ်မြောက်

ထီးလင်းမြို့နယ်၌ ထွေအုပ်စာရေး၏ တစ်မိသားစုလုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက် သတ်ဖြတ်ရာ မိန်းမနှင့် ကလေးငယ်သေဆုံးပြီး ကျန်နှစ်ယောက်ဒဏ်ရာများဖြင့် လွတ်မြောက်

Share this post

No description available.

No description available.

 

နေပြည်တော်၊ ဇူလိုင် ၂၈ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနတွင် အငယ်တန်းစာရေး အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသော မိသားစုဝင်လေးဦးကို အမည်မသိလူများက လာရောက်သတ်ဖြတ်မှု ကြောင့် မိသားစုဝင်လေးဦးအနက် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်တစ်ဦး သေဆုံးမှုရှိခဲ့ ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရပါတယ်။

 

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနတွင် အငယ်တန်း စာရေးအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသော လောင်းဘို(ချောင်းပေါက်) ကျေးရွာရှိ နေအိမ်ကို အမည်မသိ လက်နက်ကိုင် အင်အား ၁၀ ဦးခန့်က လာရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းကဲ့သို့ ဖမ်းဆီးမှုတွင် ဖခင်ဖြစ်သူနှင့် ၈ နှစ်အရွယ် သမီးငယ်သည် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နေအိမ်တွင် ကျန်ရှိသည့် အမျိုးသမီးနှင့် ကလေးငယ်ကို အမည်မသိလက်နက်ကိုင်များက သတ်ဖြတ်၍ သေတ္တာအတွင်းသို့ ထည့်ပိတ်ခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရပါတယ်။

 

“မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ လောင်းဘို(ချောင်းပေါက်)မှာ နေထိုင်တဲ့ထွေအုပ်စာရေး ကိုချမ်းသာတို့ မိသားစုကို မနက်စောစော သုံးနာရီလောက်က သတ်ဖြတ်ခံရတယ်ဆိုတာကတော့ မှန်ပါတယ်၊ ဒီနေ့ပဲ သဂြိုဟ်လိုက်ကြတယ်” လို့ ထီးလင်းမြို့နယ်ရှိ အမည်မဖော်လိုသော လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

 

အထက်ပါဖြစ်စဉ်တွင် မိသားစုဝင် ၄ ဦးအနက် သားငယ်နှင့် ၎င်း၏ အမျိုးသမီးသည် သတ်ဖြတ်ခံရသော်လည်း ကျန်ရှိသည့် ကာယကံရှင် ထွေအုပ်ဝန်ထမ်းနှင့် ၎င်း၏ သမီးငယ်ဖြစ်သူတို့ကို ဆက်သွယ်၍ မရရှိသေးကြောင်း သိရပါတယ်။

 

“ကိုချမ်းသာနဲ့ ကျွန်တော်နဲ့က ၇ တန်းလောက်ထဲက ကျောင်းအတူတူတက်လာတာ သူတို့မိသားစုက ဖော် ရွေကြတယ်၊ သဘောလည်းကောင်းကြပါတယ်၊ အခုလိုဖြစ်သွားတော့ စိတ်ထဲလည်း မကောင်းဘူး၊ ဘာပြော ရမှန်းတောင်မသိဘူး” လို့ ကာယကံရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့် အလားတူ ဇွန်လအစောပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် အမည်မသိလက်နက်ကိုင်များ၏ သတ်ဖြတ်မှုကြောင့် မိသားစုဝင်လေးဦး အသက် သေဆုံးမှုရှိခဲ့ပါတယ်။

 

#Peoplemedia # ထီးလင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 



Share this post