• Follow Us on

Home ထီးလင်းမြို့နယ်၌ PDF ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF အဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယော PDF အဖွဲ့ ထုတ်ပြန်

ထီးလင်းမြို့နယ်၌ PDF ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF အဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယော PDF အဖွဲ့ ထုတ်ပြန်

Share this post

မကွေး၊ နိုဝင်ဘာ ၁၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီး၌ YDF (ထီးလင်း)၊ CDF (မင်းတပ်)ပူးပေါင်း PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF အဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယော PDF အဖွဲ့က နိုဝင်ဘာ ၁၉ ရက်နေ့၌ ထုတ်ပြန်လိုက်ပါတယ်။

 

ယော PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၁၇ ရက်နေ့က ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီး၌ တိုက်ပွဲ၌ YDF (ထီးလင်း) မှ (၁၃) ဦး၊ CDF(မင်းတပ်)မှ (၁) ဦး ဒဏ်ရာရရှိသူ (၃) ဦး ရှိတယ်လို့ ဖော်ပြထားပါ တယ်။

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းနေသလို အဆိုပါဒေသ၌ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပါတယ်။

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်တို့သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် ဒေသ များဖြစ်ပါတယ်။

 

#PeopleMedia #YawPDF #ထီးလင်းမြို့ထန်းပင်ကုန်းတိုက်ပွဲ

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post