• Follow Us on

Home ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော် ဆေးကုသရန်အတွက် န-စ-ကမှ ဘတ် (၆) သန်း လှူဒါန်း

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော် ဆေးကုသရန်အတွက် န-စ-ကမှ ဘတ် (၆) သန်း လှူဒါန်း

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၃ (People Media)

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Bumrungrad ဆေးရုံ၌ ဆေးကုသမှုခံယူနေသော စစ်ကိုင်းတိပိဋကဆရာတော်ထံ န-စ-ကမှ ဘေသဇ္ဇဒါနကုသိုလ်အဖြစ် ဘတ် ၆ သန်းကို ဇန်နဝါရီလ ၁၁ ရက်နေ့က လှူဒါန်းလိုက်သည်။

 

အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်ပြီး People Media က မုံရွာမြို့ သဒ္ဓမ္မဇောကသုဗောဓာရုံ တိုက်အုပ်ဆရာတော် အရှင်စန္ဒာဝရထံ မေးမြန်းလျောက်ထားရာ “မြန်မာအစိုးရက ဘတ်ခြောက်သန်းလှူတာပါ” လို့ မိန့်ကြားသည်။

 

အဆိုပါ အလှူငွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက စစ်ကိုင်းတိပိဋကဆရာတော်၏ ညီတော် ဒေါက်တာအရှင်ဝိဇယာလင်္ကာရာဘိဝံသထံ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

စစ်ကိုင်းတိပိဋကဆရာတော်၏ ဆေးကုသရန်အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဇန်နဝါရီ ၁၂ ရက်နေ့အထိ ဆရာတော်ကြီးများ၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုမှာ ကျပ်သိန်း (၁၀၀၀၀) ကျော် ရရှိနေပြီဖြစ်သည်။

 

စစ်ကိုင်းတိပိဋကဆရာတော် ဆေးကုသရန်အတွက် စုစုပေါင်း သိန်းတစ်သောင်းခွဲဝန်းကျင် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

 

စစ်ကိုင်းတိပိဋကဆရာတော်သည် ချဉ်ဆီအစားထိုးကုသရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၈) ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်သွားခဲ့ပြီး ဆေးဝါးကုသခံယူနေလျက်ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #သာသနာရေး #စစ်ကိုင်းဆရာတော်

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 

Photo – Credit

 



Share this post