• Follow Us on

Home ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော်ကို ရိုးတွင်းချဉ်ဆီအစားထိုးကုသရန် ဆရာတော်၏ ညီမဖြစ်သူထံမှ ချဉ်ဆီထုတ်ယူနိုင်ခဲ့

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော်ကို ရိုးတွင်းချဉ်ဆီအစားထိုးကုသရန် ဆရာတော်၏ ညီမဖြစ်သူထံမှ ချဉ်ဆီထုတ်ယူနိုင်ခဲ့

Share this post

ရန်ကုန်၊ ဇန်နဝါရီ် ၂၁ (People Media)

 

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသအား ရိုးတွင်းချဉ်ဆီအစားထိုးကုသရန်အတွက် ဆရာတော်၏ ညီမဖြစ်သူထံမှ ချဉ်ဆီကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ ကြောင်း ဆရာတော်နှင့် နီးစပ်သည့် သံဃာတော်အချို့က မိန့်ကြားသည်။

 

ယခင်က စစ်ကိုင်းတိပိဋကဆရာတော် ရိုးတွင်းချဉ်ဆီအစားထိုးကုသရန်အတွက် ဆရာတော်၏ ညီတော် ဒေါက်တာဥုးဝိဇယာဘိဝံသထံမှ ချဉ်စီ ထုတ်ယူ၍ ကုသရန် စီစဉ်ထားသော်လည်း အမျိုးအစားမတူညီသော ကြောင့် ရပ်ဆိုင်းခဲ့ရသည်။

 

ထပ်မံ၍ ဆရာတော်၏ ညီမဖြစ်သူ မသိန်းသိန်းဆွေ၏ ချဉ်ဆီကို စစ်ဆေးရာ၌ အမျိုးအစားတူညီခဲ့ခြင်းကြောင့် ရိုးတွင်းချဉ်ဆီအစားထိုးကုသရန်အတွက် ချဉ်ဆီကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သည်။

 

စစ်ကိုင်းတိပိဋကဆရာတော်၏ ကျန်းမာရေးကုသရန်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ အလှူငွေရရှိမှုမှာ ကျပ်သိန်းတစ်သောင်းကျော်ရှိနေပြီဖြစ်ပြီး၊ စစ်ကိုင်းတိပိဋကဆရာတော် ဆေးကုသရန် အတွက် စုစုပေါင်း သိန်းတစ်သောင်းခွဲခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

 

ဆရာတော်၏ ကျန်းမာရေးအတွက် န-စ-ကမှ အလှူငွေ လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့သည်။

 

စစ်ကိုင်းတိပိဋကဆရာတော်သည် ချဉ်ဆီအစားထိုးကုသရန်အတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်၌ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်သွားခဲ့ပြီး ဆေးဝါးကုသခံယူနေလျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia #စစ်ကိုင်းဆရာတော် #ဘာသာရေး

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 



Share this post