• Follow Us on

Home ထုိင္း-ျမန္မာနယ္စပ္ၿမိဳ႕ရွိ တရားမဝင္ေရာင္းခ်သည့္ without ယာဥ္ေစ်းကြက္ကုိ ျမဝတီၿမိဳ႕ အာဏာပုိင္မ်ားႏွင့့္ BGF အေရးယူျခင္းမရွိ

ထုိင္း-ျမန္မာနယ္စပ္ၿမိဳ႕ရွိ တရားမဝင္ေရာင္းခ်သည့္ without ယာဥ္ေစ်းကြက္ကုိ ျမဝတီၿမိဳ႕ အာဏာပုိင္မ်ားႏွင့့္ BGF အေရးယူျခင္းမရွိ

Share this post

ရန္ကုန္၊ဒီဇင္ဘာ-၄

ထုိင္း-ျမန္မာနယ္စပ္ၿမိဳ႕၌ တရားမဝင္ လုိင္စင္မဲ့ယာဥ္ေစ်းကြက္ ႀကီးထြားေနၿပီး အဆုိပါေစ်းကြက္ကုိ ျမဝတီၿမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားႏွင့္ ျမဝတီအေျခစုိက္ BGF လက္နက္ကုိင္အဖြဲ႕မ်ားမွ တရားမဝင္ ခြင့္ျပဳေနေၾကာင္း ေဒသခံမ်ားက ဆုိသည္။

“ျမဝတီမွာက without ေစ်းကြက္ႀကီးရွိေနတာ ျပည္နယ္အစုိးရလည္းသိတယ္။ ျမဝတီ BGF လည္းသိတယ္။ ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕လည္းသိတယ္။ ထုိင္းကေန ျမန္မာဘက္ကုိ ကူးတဲ့ ကမ္းကူးခ၊ ကူးတုိ႔ခကုိ BGF က ယူ ထားတာ။ ဒါက သူတုိ႔ခြင့္ျပဳလုိ႔ပါ။ ဒီကေနသြားတဲ့ without ကားေတြက တစ္ႏုိင္ငံလုံးကုိ ပ်ံ႕ေနတာ။ ဒါကုိ အစုိးရက ဂိတ္ေပါက္မွာ မဖမ္းဘဲ ၿမိဳ႕ေတြမွာ လုိက္ဖမ္းေနေတာ့ အနာတစ္ျခား ေဆးတစ္ျခား ျဖစ္ေနတယ္”ဟု ၿမိဳ႕ဝတီၿမိဳ႕ေန ျပည္သူတစ္ဦးက ေျပာသည္။

ထုိင္း-ျမန္မာနယ္စပ္ရွိ ျမဝတီၿမိဳ႕၌ တရားမဝင္ ယာဥ္ေရာင္းဝယ္မႈသည္ တစ္ရက္ယာဥ္အစီးေရး(၅၀)မွ (၁၀၀) ေက်ာ္ထိရွိေၾကာင္း (၁၃)ဂိတ္ရွိ အမည္မေဖာ္လိုသည့္ BGF တာဝန္ရွိသူတစ္ဦးက ဆုိသည္။ အဆုိပါ ေစ်းကြက္ ၌ ယာဥ္အမ်ဳိးအစားအလုိက္ က်ပ္(၁၅)သိန္းမွ သိန္း(၁၀၀)အထက္ ယာဥ္မ်ား အေရာင္းအ၀ယ္ရွိေၾကာင္း BGF မွတာဝန္ရွိသူက ေျပာၾကားခဲ့သည္။

အဆုိပါေစ်းကြက္၌ ယာဥ္အမ်ဳိးအစားအလုိက္ က်ပ္(၁၅)သိန္းမွ သိန္း(၁၀၀)အထက္ ယာဥ္မ်ား အေရာင္း အ၀ယ္ရွိေၾကာင္း BGF တာဝန္ရွိသူက ဆုိသည္။

#PeopleMedia

(Unicode)
ထိုင်း-မြန်မာနယ်စပ်မြို့ရှိ တရားမဝင်ရောင်းချသည့် without ယာဉ်ဈေးကွက်ကို မြဝတီမြို့ အာဏာပိုင်များနှင့် BGF အရေးယူခြင်းမရှိ
……………………………………………………………

ရန်ကုန်၊ဒီဇင်ဘာ-၄

ထိုင်း-မြန်မာနယ်စပ်မြို့၌ တရားမဝင် လိုင်စင်မဲ့ယာဉ်ဈေးကွက် ကြီးထွားနေပြီး အဆိုပါဈေးကွက်ကို မြဝတီမြို့ အုပ်ချုပ်ရေးအဖွဲ့များနှင့် မြဝတီအခြေစိုက် BGF လက်နက်ကိုင်အဖွဲ့များမှ တရားမဝင် ခွင့်ပြုနေကြောင်း ဒေသခံများက ဆိုသည်။

“မြဝတီမှာက without ဈေးကွက်ကြီးရှိနေတာ ပြည်နယ်အစိုးရလည်းသိတယ်။ မြဝတီ BGF လည်းသိတယ်။ မြို့အုပ်ချုပ်ရေးအဖွဲ့လည်းသိတယ်။ ထိုင်းကနေ မြန်မာဘက်ကို ကူးတဲ့ ကမ်းကူးခ၊ ကူးတို့ခကို BGF က ယူ ထားတာ။ ဒါက သူတို့ခွင့်ပြုလို့ပါ။ ဒီကနေသွားတဲ့ without ကားတွေက တစ်နိုင်ငံလုံးကို ပျံ့နေတာ။ ဒါကို အစိုးရက ဂိတ်ပေါက်မှာ မဖမ်းဘဲ မြို့တွေမှာ လိုက်ဖမ်းနေတော့ အနာတစ်ခြား ဆေးတစ်ခြား ဖြစ်နေတယ်”ဟု မြို့ဝတီမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့၌ တရားမဝင် ယာဉ်ရောင်းဝယ်မှုသည် တစ်ရက်ယာဉ်အစီးရေး(၅၀)မှ (၁၀၀) ကျော်ထိရှိကြောင်း (၁၃)ဂိတ်ရှိ အမည်မဖော်လိုသည့် BGF တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ ဈေးကွက် ၌ ယာဉ်အမျိုးအစားအလိုက် ကျပ်(၁၅)သိန်းမှ သိန်း(၁၀၀)အထက် ယာဉ်များ အရောင်းအဝယ်ရှိကြောင်း BGF မှတာဝန်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါဈေးကွက်၌ ယာဉ်အမျိုးအစားအလိုက် ကျပ်(၁၅)သိန်းမှ သိန်း(၁၀၀)အထက် ယာဉ်များ အရောင်း အဝယ်ရှိကြောင်း BGF တာဝန်ရှိသူက ဆိုသည်။

#PeopleMedia


Share this post