• Follow Us on

Home ထွန်စက်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းသူ ပြင်းထန်ဒဏ်ရာရရှိ

ထွန်စက်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းသူ ပြင်းထန်ဒဏ်ရာရရှိ

Share this post

မကွေး၊ ဒီဇင်ဘာ ၂၈ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မကွေးမြို့အထွက် ပုထိုးကျေးရွာအဝင်လမ်း၌ ဒီဇင်ဘာ ၂၈ ရက်နေ့က နံနက်ပိုင်းက ထွန်စက်နှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းသူ ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သည်။

 

အဆိုဖြစ်စဉ်၌ ဆိုင်ကယ်မောင်းသူမှာ ဘယ်ခြေထောက်ကျိုး၊ ညာခြေထောက် ပေါက်ပြဲဒဏ်ရာရရှိခဲ့သည်။

 

“ကျွန်တော်တို့အနေနဲ့ ဒဏ်ရာရတဲ့ အမျိုးသားကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ကျွန်တော်တို့အသင်းက အရေးပေါ်ကူညီပို့ဆောင်ပေးလိုက်ပါတယ်” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံမေတ္တာလူမှုကူ ညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

#PeopleMedia #မကွေး

 

(unicode)


………………………………………………………

 


 


 


 


 



Share this post