• Follow Us on

Home ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္စက္႐ုံမ်ားတြင္ ေနထိုင္သည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို လ ဝ ကႏွင့္ ေထြ/အုပ္ ပူးေပါင္းစစ္ေဆး

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္စက္႐ုံမ်ားတြင္ ေနထိုင္သည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို လ ဝ ကႏွင့္ ေထြ/အုပ္ ပူးေပါင္းစစ္ေဆး

Share this post

ရန္ကုန္

၂၀၂၀၊ ေဖေဖၚဝါရီ ၁၄

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္စက္႐ုံမ်ားတြင္ေနထိုင္သည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို လ ဝ က ႏွင့္ ေထြ/အုပ္ပူးေပါင္းစစ္ေဆးလ်က္ရွိေၾကာင္း အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွသိရသည္။

ထိုသို႔ေဆာင္ရြက္ရာတြင္ စက္မႈဇုန္မ်ားအနီးေနထိုင္သည့္ ရပ္ကြက္ေနျပည္သူမ်ားႏွင့္ စက္႐ုံအလုပ္သမားမ်ားမွတ႐ုတ္ႏိုင္ငံသားပိုင္ အထည္ခ်ဳပ္စက္႐ုံမ်ားတြင္ ဇန္နဝါရီလမွ စတင္၍မ်က္ႏွာစိမ္း တ႐ုတ္လူမ်ိဳးမ်ားလာေရာက္ေနထိုင္လ်က္ရွိရာထိုသူမ်ားတြင္ကို႐ိုနာဗိုင္းရပ္စ္ပိုး ပါဝင္မည္ကိုစိုးရိမ္ထိပ္လန္႔ေၾကာင္း တိုင္ၾကားခ်က္အရ ညပိုင္းမ်ားတြင္ စက္႐ုံမ်ားအတြင္းဝင္ေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၈၉ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းလြင္ကေျပာသည္။

“ကြၽန္ေတာ္တို႔လက္ရွိ စက္မႈဇုန္အတြင္းက ဦးဖိုးႏိုင္လမ္းက စက္႐ုံတစ္႐ုံမွာ တ႐ုတ္ႏိုင္ငံသားတစ္ေယာက္ မူးေမ့လဲတယ္လို႔ စက္႐ုံအလုပ္သမားေတြကလာေျပာတယ္။ ဒါေၾကာင့္ လ ဝ က တာဝန္ရွိသူေတြနဲ႔ ကြၽန္ေတာ္တို႔ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ သြားေရာက္စစ္ေဆးၿပီးၿပီေပါ႔။ ဒဂုံဆိပ္ကမ္း ေဆး႐ုံအုပ္ႀကီးကလည္းစစ္ေဆးၿပီးၿပီ၊ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိမရွိေပါ႔။ သူ့ကိုအျပင္မထြက္ခိုင္းဘူး။ ပို႔သတ္ထားတဲ့အခန္းထဲမွာေစာင့္ၾကည့္လူနာအျဖစ္ထားတယ္။ တိုင္ၾကားခ်က္ေတြအရလည္း ဆက္လက္စစ္ေဆးေနပါတယ္”ဟု ၎ကေျပာသည္။

တ႐ုတ္ႏိုင္ငံတြင္ လက္ရွိျဖစ္ပြားလ်က္ရွိေနသည့္ ကို႐ိုနာဗိုင္းရစ္ ကူးစပ္ေရာဂါေၾကာင့္ စက္မႈဇုန္းမ်ားမွ တ႐ုတ္ႏိုင္ငံပိုင္စက္႐ုံမ်ားအတြင္း လာေရာက္ခိုလႈံၾကသည့္ တ႐ုတ္ႏိုင္ငံသားမ်ားေၾကာင့္ အလုပ္လုပ္ကိုင္လ်က္ရွိသည့္ စက္႐ုံဝန္ထမ္းမ်ား၊ ရပ္ကြက္ေနျပည္သူမ်ားမွ အလြန္အမင္းစိုးရိမ္လ်က္ရွိေနသည္။

“သူတို႔က ႏိုဝင္ဘာလေလာက္ကစက္႐ုံကိုေရာက္လာတာ။ တ႐ုတ္အမ်ိဳးသမီးတစ္ေယာက္၊ အမ်ိဳးသားႏွစ္ေယာက္ေပါ႔။ အမ်ိဳးသမီးကစက္႐ုံထဲမူးလဲလို႔ သူတို႔အခ်င္းခ်င္းဝိုင္းေပြ႕ၿပီးေခၚသြားၾကတယ္။ အလုပ္သမားေတြအားလုံးကလည္း ေၾကာက္ေနၾကတယ္”ဟု ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ အထည္ခ်ဳပ္စက္႐ုံတြင္ အလုပ္လုပ္ကိုင္ေနသူ မဇင္မာေအာင္က ေျပာသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားစိုးရိမ္မႈမလြန္ကဲ ေစရန္ အစိုးရတာဝန္ရွိသူမ်ားမွ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ စက္႐ုံအတြင္းဝင္ေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ရာတြင္ တရားမဝင္လာေရာက္ၾကသူမ်ားမဟုတ္ဘဲ ဗီဇာျဖင့္လာေရာက္ေနထိုင္ၾကသူမ်ားျဖစ္ေၾကာင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ယင္းသို႔ လာေရာက္ေနထိုင္ၾကသူမ်ားကို ေနထိုင္ရာစက္႐ုံအတြင္း သည္းျခားအခန္းျဖင့္ေနထိုင္ရန္ႏွင့္ စက္႐ုံျပင္ပသို႔ မထြက္ရန္ မွာၾကားထားၿပီး ဗီဇာျဖင့္ေနထိုင္ခြင့္ကို တစ္လတစ္ခါ လ ဝ က ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ႐ုံးမ်ားတြင္ သက္တမ္းတိုးျပဳလုပ္ေပးေနေၾကာင္း အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွသိရသည္။

ေမာင္ပီး

#peoplemedia

(unicode)
ဒဂုံဆိပ်ကမ်းမြို့နယ်စက်ရုံများတွင် နေထိုင်သည့် တရုတ်နိုင်ငံသားများကို လ ဝ ကနှင့် ထွေ/အုပ် ပူးပေါင်းစစ်ဆေး
…………………………………………………………………………………….

ရန်ကုန်

၂၀၂၀၊ ဖေဖေါ်ဝါရီ ၁၄

ဒဂုံဆိပ်ကမ်းမြို့နယ်စက်ရုံများတွင်နေထိုင်သည့် တရုတ်နိုင်ငံသားများကို လ ဝ က နှင့် ထွေ/အုပ်ပူးပေါင်းစစ်ဆေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စက်မှုဇုန်များအနီးနေထိုင်သည့် ရပ်ကွက်နေပြည်သူများနှင့် စက်ရုံအလုပ်သမားများမှတရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံများတွင် ဇန်နဝါရီလမှ စတင်၍မျက်နှာစိမ်း တရုတ်လူမျိုးများလာရောက်နေထိုင်လျက်ရှိရာထိုသူများတွင်ကိုရိုနာဗိုင်းရပ်စ်ပိုး ပါဝင်မည်ကိုစိုးရိမ်ထိပ်လန့်ကြောင်း တိုင်ကြားချက်အရ ညပိုင်းများတွင် စက်ရုံများအတွင်းဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ကပြောသည်။

“ကျွန်တော်တို့လက်ရှိ စက်မှုဇုန်အတွင်းက ဦးဖိုးနိုင်လမ်းက စက်ရုံတစ်ရုံမှာ တရုတ်နိုင်ငံသားတစ်ယောက် မူးမေ့လဲတယ်လို့ စက်ရုံအလုပ်သမားတွေကလာပြောတယ်။ ဒါကြောင့် လ ဝ က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သွားရောက်စစ်ဆေးပြီးပြီပေါ့။ ဒဂုံဆိပ်ကမ်း ဆေးရုံအုပ်ကြီးကလည်းစစ်ဆေးပြီးပြီ၊ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိပေါ့။ သူ့ကိုအပြင်မထွက်ခိုင်းဘူး။ ပို့သတ်ထားတဲ့အခန်းထဲမှာစောင့်ကြည့်လူနာအဖြစ်ထားတယ်။ တိုင်ကြားချက်တွေအရလည်း ဆက်လက်စစ်ဆေးနေပါတယ်”ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိနေသည့် ကိုရိုနာဗိုင်းရစ် ကူးစပ်ရောဂါကြောင့် စက်မှုဇုန်းများမှ တရုတ်နိုင်ငံပိုင်စက်ရုံများအတွင်း လာရောက်ခိုလှုံကြသည့် တရုတ်နိုင်ငံသားများကြောင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် စက်ရုံဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ အလွန်အမင်းစိုးရိမ်လျက်ရှိနေသည်။

“သူတို့က နိုဝင်ဘာလလောက်ကစက်ရုံကိုရောက်လာတာ။ တရုတ်အမျိုးသမီးတစ်ယောက်၊ အမျိုးသားနှစ်ယောက်ပေါ့။ အမျိုးသမီးကစက်ရုံထဲမူးလဲလို့ သူတို့အချင်းချင်းဝိုင်းပွေ့ပြီးခေါ်သွားကြတယ်။ အလုပ်သမားတွေအားလုံးကလည်း ကြောက်နေကြတယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ မဇင်မာအောင်က ပြောသည်။

ထို့ကြောင့် ပြည်သူများစိုးရိမ်မှုမလွန်ကဲ စေရန် အစိုးရတာဝန်ရှိသူများမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စက်ရုံအတွင်းဝင်ရောက်စစ်ဆေးမှုများပြုလုပ်ရာတွင် တရားမဝင်လာရောက်ကြသူများမဟုတ်ဘဲ ဗီဇာဖြင့်လာရောက်နေထိုင်ကြသူများဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းသို့ လာရောက်နေထိုင်ကြသူများကို နေထိုင်ရာစက်ရုံအတွင်း သည်းခြားအခန်းဖြင့်နေထိုင်ရန်နှင့် စက်ရုံပြင်ပသို့ မထွက်ရန် မှာကြားထားပြီး ဗီဇာဖြင့်နေထိုင်ခွင့်ကို တစ်လတစ်ခါ လ ဝ က နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် သက်တမ်းတိုးပြုလုပ်ပေးနေကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

မောင်ပီး

#peoplemedia


Share this post