• Follow Us on

Home ဒဂုံဆိပ်ကမ်းမြို့နယ်၌ ယာဉ်ပေါ်ရှိ အမျိုးသမီးတစ်ဦး၏ ဦးခေါင်း သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရ

ဒဂုံဆိပ်ကမ်းမြို့နယ်၌ ယာဉ်ပေါ်ရှိ အမျိုးသမီးတစ်ဦး၏ ဦးခေါင်း သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာချမ်းသာကွန်ဒိုအနီး၌ ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦးသည် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်လမ်းပေါ်တွင် ဒဂုံတောင်မှ သာကေတဘက်သို့ ခင်ပွန်းဖြစ်သူမောင်း နှင်ပြီး ဇနီးဖြစ်သူလိုက်ပါလာသည့်ယာဉ်သည် ဧရာချမ်းသာကွန်ဒိုအနီးအရောက်တွင် လမ်းဘေးမှသေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သည်။

 

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ရှိ အမျိုးသမီး၏ ဦးခေါင်းသို့ ကျည်ထိမှန်ထားပြီး ၎င်းကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

Photo – ယာဉ်ပေါ်ရှိ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးအဖွဲ့များ ရောက်ရှိလာ

 

#PeopleMedia #ဒဂုံဆိပ်ကမ်း

 

(unicode)


……………………………………………………………………………

 


 


 


 


 


 



Share this post