• Follow Us on

Home ဒဂုံဆိပ်ကမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ဒဂုံဆိပ်ကမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၍ သြဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံများက အတည်ပြုပါတယ်။

 

အသတ်ခံရသူသည် အလွတ်တန်းသတင်းထောက်အဖြစ် ကြေးမုံသတင်းစာတွင် လုပ်ကိုင်ဆောင်နေသူ တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက အတည်ပြု ပါတယ်။

 

“အသတ်ခံရတယ်၊ နေအိမ်မှာ အသတ်ခံရတာ ဟုတ်တယ်၊ Yangoon Revolution Group အဖွဲ့က လုပ်ကြံတာလို့လည်း ပြောနေကြတယ်” လို့ ယုဇနဥယျာဉ်အိမ်ယာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

အဆိုပါ အမျိုးသားသေဆုံးပြီး နာရီပိုင်းအကြာတွင် Yangoon Revolution Group မှ သေဆုံးသူ ပြည်ခိုင်ဖြိုး ပါတီဝင်ကို မိမိတို့အဖွဲ့မှ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

#PeopleMedia #YRG #ဒဂုံဆိပ်ကမ်းမြို့နယ်

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post