• Follow Us on

Home ဒဂုံဆိပ်ကမ်းမြို့နယ်၌ YBS ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား

ဒဂုံဆိပ်ကမ်းမြို့နယ်၌ YBS ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား

Share this post

ရန်ကုန်၊ အောက်တိုဘာ – ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ YBS ယာဉ်နှစ်စီး မျက်နှာ ချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၃)ရက် ၂နာရီခန့်၌ ဒဂုံဆိပ်ကမ်းမြို့နယ် မင်းရဲ ကောင်းပုံလမ်း၌ YBS ယာဉ်လိုင်းအမှတ် (၁၀၀) နှင့် ယာဉ်လိုင်း (၆) နှစ် စီးမျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်မီးသတ်တပ် ဖွဲ့မှ သွားရောက်ကူညီကယ်ဆယ်လျှက်ရှိသည်။

လက်ရှိအချိန်၌ ယာဉ်လိုင်းအမှတ်(၁၀၀) ယာဉ်မောင်းဖြစ်သူသည် ထိ ခိုက်ဒဏ်ရာရရှိခြင်းကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


Share this post