• Follow Us on

Home ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ လိုတရေပါင္မုန္႔ႏွင့္ ေပါက္စီစက္႐ုံမွ ကယ္ဆယ္ထားေသာ ကေလးငယ္ ၁၈ ဦးတြင္ ၁၀ ဦး၌ ကိုဗစ္ေရာဂါပိုးေတြ႕

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ လိုတရေပါင္မုန္႔ႏွင့္ ေပါက္စီစက္႐ုံမွ ကယ္ဆယ္ထားေသာ ကေလးငယ္ ၁၈ ဦးတြင္ ၁၀ ဦး၌ ကိုဗစ္ေရာဂါပိုးေတြ႕

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၂၁
 
အရြယ္မေရာက္ေသးေသာ ကေလးငယ္မ်ားကို ခိုင္းေစကာ ႏွိပ္စက္ညႇင္းပန္းသည္ဟုဆိုကာ လူစုလူေဝး ျဖစ္ပြား၍ ပဋိပကၡျဖစ္ေပၚခဲ့ေသာ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ လိုတရေပါင္မုန္႔ႏွင့္ ေပါက္စီစက္႐ုံမွ ကယ္ဆယ္ ထားေသာ ကေလးငယ္ ၁၈ ဦးတြင္ ၁၀ ဦး၌ ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ၿမိဳ႕နယ္ ဥပေဒအေထာက္အ ကူျပဳအဖြဲ႕ဥကၠ႒ျဖစ္သူ ဦးသိန္းလိႈင္ထြန္းက အတည္ျပဳေျပာၾကားသည္။
 
နိုဝင္ဘာလ ၁၉ ရက္ေန႔ ညပိုင္းမွ စတင္ကာ လူစုလူေဝးျဖစ္ေပၚခဲ့ေသာ အဆိုျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ ေဆးရာတြင္ ကေလး ၁၈ ဦးအနက္ မိန္းကေလး ၉ ဦး ၊ ေယာကၤ်ားေလးတစ္ဦးတြင္ ေတြ႕ရွိျဖစ္ေၾကာင္း ၎က ေျပာသည္။
 
“ဟုတ္ပါတယ္ ၁၀ ေယာက္မွာ ကိုဗစ္ေရာဂါပိုးေတြ႕ပါတယ္။ မိန္းကေလး ကိုးေယာက္ ေယာကၤ်ားေလး တစ္ေယာက္ ပိုးေတြ႕တဲ့ကေလးေတြကိုေတာ့ ေပါ့စတစ္စင္တာကို ပို႔ထားတယ္။ က်န္တဲ့ ကေလး ၈ ေယာက္ကေတာ့ ဆက္စပ္တဲ့အတြက္ ေစာင့္ၾကည့္တဲ့အဆင့္နဲ႔ ကြာရာတင္းစင္တာမွာ ပို႔ထားတယ္” ဟု ဦးသိန္းလိႈင္ထြန္းက ေျပာသည္။
 
လက္ရွိ ကေလးမ်ားတြင္ ကိုဗစ္ေရာဂါပိုးေတြ႕ရွိေၾကာင္း အတည္ျပဳနိုင္ေသာ္လည္း အဆိုပါစက္႐ုံ အလုပ္ရွင္မ်ားျဖစ္သည့္ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားတြင္ ရွိမရွိကို အတည္ျပဳနိုင္ျခင္းမရွိေသးေၾကာင္း ၎ကဆိုသည္။
 
“ပိုင္ရွင္ေတြကိုေတာ့ မစစ္ေဆးရေသးဘူး၊ အဲ့ဒါက ရဲလုပ္ငန္းစဥ္ေတြပါသူတို႔ကို ရွိမရွိဆိုတာကေတာ့ မစစ္ေဆးရေသးပါဘူး”ဟု ဦးသိန္းလိႈင္ထြန္းက ေျပာသည္။
 
ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ လိုတရေပါင္မုန္႔ ႏွင့္ ေပါက္စီစက္႐ုံတြင္ ျဖစ္ေပၚခဲ့ေသာ လူစုလူေဝးျဖစ္စဥ္တြင္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး၏ ေျပာဆိုခ်က္အရ လူဦးေရ ၂၀၀ အထိ လူစုလူေဝးျဖစ္ေပၚခဲ့ၿပီး ယင္းစက္႐ုံအတြင္း ကေလး မ်ားက်န္ရွိေသးသည္ဟု သတင္းေၾကာင့္လဲ ညဥ့္နက္ခ်ိန္အထိ လူအမ်ားစုေဝးကာ စက္႐ုံအတြင္း ဝင္ ေရာက္ရွာေဖြမႈမ်ားလဲ ျဖစ္ေပၚခဲ့သည္။
 
#PeopleMedia #COVID #လိုတရမုန႔္တိုက္
 
(unicode)
ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရပေါင်မုန့်နှင့် ပေါက်စီစက်ရုံမှ ကယ်ဆယ်ထားသော ကလေးငယ် ၁၈ ဦးတွင် ၁၀ ဦး၌ ကိုဗစ်ရောဂါပိုးတွေ့
…………………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ ၂၁
 
အရွယ်မရောက်သေးသော ကလေးငယ်များကို ခိုင်းစေကာ နှိပ်စက်ညှင်းပန်းသည်ဟုဆိုကာ လူစုလူဝေး ဖြစ်ပွား၍ ပဋိပက္ခဖြစ်ပေါ်ခဲ့သော ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရပေါင်မုန့်နှင့် ပေါက်စီစက်ရုံမှ ကယ်ဆယ် ထားသော ကလေးငယ် ၁၈ ဦးတွင် ၁၀ ဦး၌ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် ဥပဒေအထောက်အ ကူပြုအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းလှိုင်ထွန်းက အတည်ပြုပြောကြားသည်။
 
နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းမှ စတင်ကာ လူစုလူဝေးဖြစ်ပေါ်ခဲ့သော အဆိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ် ဆေးရာတွင် ကလေး ၁၈ ဦးအနက် မိန်းကလေး ၉ ဦး ၊ ယောင်္ကျားလေးတစ်ဦးတွင် တွေ့ရှိဖြစ်ကြောင်း ၎င်းက ပြောသည်။
 
“ဟုတ်ပါတယ် ၁၀ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ပါတယ်။ မိန်းကလေး ကိုးယောက် ယောင်္ကျားလေး တစ်ယောက် ပိုးတွေ့တဲ့ကလေးတွေကိုတော့ ပေါ့စတစ်စင်တာကို ပို့ထားတယ်။ ကျန်တဲ့ ကလေး ၈ ယောက်ကတော့ ဆက်စပ်တဲ့အတွက် စောင့်ကြည့်တဲ့အဆင့်နဲ့ ကွာရာတင်းစင်တာမှာ ပို့ထားတယ်” ဟု ဦးသိန်းလှိုင်ထွန်းက ပြောသည်။
 
လက်ရှိ ကလေးများတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုနိုင်သော်လည်း အဆိုပါစက်ရုံ အလုပ်ရှင်များဖြစ်သည့် အမျိုးသမီးနှင့် အမျိုးသားတွင် ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။
 
“ပိုင်ရှင်တွေကိုတော့ မစစ်ဆေးရသေးဘူး၊ အဲ့ဒါက ရဲလုပ်ငန်းစဉ်တွေပါသူတို့ကို ရှိမရှိဆိုတာကတော့ မစစ်ဆေးရသေးပါဘူး”ဟု ဦးသိန်းလှိုင်ထွန်းက ပြောသည်။
 
ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရပေါင်မုန့် နှင့် ပေါက်စီစက်ရုံတွင် ဖြစ်ပေါ်ခဲ့သော လူစုလူဝေးဖြစ်စဉ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောဆိုချက်အရ လူဦးရေ ၂၀၀ အထိ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ယင်းစက်ရုံအတွင်း ကလေး များကျန်ရှိသေးသည်ဟု သတင်းကြောင့်လဲ ညဉ့်နက်ချိန်အထိ လူအများစုဝေးကာ စက်ရုံအတွင်း ဝင် ရောက်ရှာဖွေမှုများလဲ ဖြစ်ပေါ်ခဲ့သည်။
 
#PeopleMedia #COVID #လိုတရမုန့်တိုက်

Share this post