• Follow Us on

Home “ဒဂုံဆိပ္ကမ္းၿမိဳ႕လူစုလုေဝးျဖစ္စဥ္၌အလုပ္ရွင္သည္ အလုပ္သမားမ်ားအေပၚ အတင္းအဓမၼႏွိပ္စက္၍ ေစခိုင္းျခင္းမရွိ၊ မုန႔္တိုက္သည္ လုပ္ငန္းလိုင္စင္ မရွိေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕သတင္းထုတ္ျပန္”

“ဒဂုံဆိပ္ကမ္းၿမိဳ႕လူစုလုေဝးျဖစ္စဥ္၌အလုပ္ရွင္သည္ အလုပ္သမားမ်ားအေပၚ အတင္းအဓမၼႏွိပ္စက္၍ ေစခိုင္းျခင္းမရွိ၊ မုန႔္တိုက္သည္ လုပ္ငန္းလိုင္စင္ မရွိေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕သတင္းထုတ္ျပန္”

Share this post

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၌ လူစုလူေဝးျဖစ္ပြားမႈအေျခအေနႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္

၂၀၂၀ ျပည့္ႏွစ္ နိုဝင္ဘာလ ၁၉ ရက္ေန႔ ည ၁၂ နာရီခန႔္တြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ (၈၇)ရပ္ကြက္ေန ဦးသီဟထြန္း ၏ “လိုတရေရႊစံလွေပါက္စီ” မုန႔္တိုက္တြင္ အလုပ္လုပ္ကိုင္ေနသည့္ ကေလးမ်ားအား အလုပ္ရွင္မွ ညႇဥ္းပန္းႏွိပ္စက္ေနသျဖင့္ မုန႔္တိုက္အနီး၌ ရပ္ကြက္ေနျပည္သူ ၄၀ ဦးခန႔္ စုေဝးမႈျဖစ္ေပၚေနေၾကာင္း သတင္းအရ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားပူးေပါင္း၍သြားေရာက္ေဆြးေႏြးရွင္းလင္းျခင္းမ်ားေဆာင္ရြက္ခဲ့ရာလူစုကြဲသြားခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္၌ ယေန႔ေန႔လည္ ၁၂ နာရီခန္႔တြင္ မုန္႔တိုက္အတြင္း ကေလးငယ္မ်ား က်န္ရွိေနေသးသည္ဟုယူဆကာ အဆိုပါမုန္႔တိုက္သို႔ ရပ္ကြက္ေနျပည္သူ ၅၀ ဦးခန္႔ ထပ္မံလာေရာက္ခဲ့ၿပီး ေန႔လည္ ၁ နာရီခြဲခန႔္တြင္ ျပည္တြင္းသတင္းဌာနမ်ားမွ သတင္းေထာက္မ်ား ေရာက္ရွိလာကာ အင္တာဗ်ဴးေဆာင္ရြက္ခဲ့၍ အင္အား ၁၀၀ ဦးခန္႔ျဖစ္လာသျဖင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ဝင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ လူထုကိုယ္စားလွယ္မ်ားမွ ေစ့စပ္ညႇိႏွိုင္းခဲ့ၿပီး မုန္႔တိုက္အတြင္းသို႔ ဝင္ေရာက္စိစစ္ရွာေဖြရာတြင္လည္း ကေလးငယ္တစ္ဦးတစ္ေယာက္မၽွ မေတြ႕ရွိရပါေၾကာင္း ေဖာ္ျပထားသည္။

ျဖစ္စဥ္ျဖစ္ပြားခဲ့မႈအေပၚ အျဖစ္မွန္ေပၚေပါက္ေရးအဆိုပါမုန႔္တိုက္တြင္လုပ္ကိုင္ေနသည့္ အလုပ္သမား၁၈ ဦး(က်ား ၄၊ မ ၁၄)တို႔အား စိစစ္ရာ၎တို႔သည္မိဘအုပ္ထိန္းသူမ်ား၏ ခြင့္ျပဳခ်က္ျဖင့္ လာေရာက္အလုပ္လုပ္ကိုင္သူမ်ားျဖစ္ေၾကာင္း၊လုပ္ခလစာအားမိဘမ်ားထံလစဥ္ေပးပို႔နိုင္ခဲ့ေၾကာင္း၊ အလုပ္ရွင္မွလည္းအလုပ္သမားမ်ားအေပၚ အတင္းအဓမၼႏွိပ္စက္၍ ေစခိုင္းျခင္းမရွိေၾကာင္း၊ ေအာ္ဒါမ်ားက်သည့္ေန႔မ်ားတြင္ အခ်ိန္ပိုလုပ္ကိုင္ရေလ့ရွိၿပီး ေနာက္က်ပါက တစ္ခါတစ္ရံ ဆူပူေျပာဆိုခံရျခင္းမ်ားရွိေၾကာင္း၊ ၂၄ နာရီလုံး လုပ္ကိုင္ရသည့္ေန႔မရွိေၾကာင္း၊ နိုဝင္ဘာလ ၁၅ ရက္ေန႔တြင္ အလုပ္ရွင္၏ညီျဖစ္သူ ေအာင္ေက်ာ္မင္းက အလုပ္သမားျဖစ္သူ စေက်ာ္လင္းေထြး(၁၉)ႏွစ္အား ေပါက္စီျပဳလုပ္ရန္ ၾကက္သြန္အခြံခြာရာတြင္ ေနာက္က်သည့္ကိစၥႏွင့္ပတ္သက္၍ ဆူပူေျပာဆိုကာပါးရိုက္ခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ေအာင္ေက်ာ္မင္းအား ဒဂုံဆိပ္ကမ္းၿမိဳ႕မရဲစခန္း၌ဥပေဒႏွင့္အညီ အမႈေရးဖြင့္ေဆာင္ရြက္ထားရွိေၾကာင္းေဖာ္ျပထားသည္။

အဆိုပါမုန႔္တိုက္မွာ လုပ္ငန္းလိုင္စင္မရွိသျဖင့္ ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္ရြက္သြားမည္ ျဖစ္ပါေၾကာင္ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #အလုပ္သမား

(unicode)
“ဒဂုံဆိပ်ကမ်းမြို့လူစုလုဝေးဖြစ်စဉ်၌အလုပ်ရှင်သည် အလုပ်သမားများအပေါ် အတင်းအဓမ္မနှိပ်စက်၍ စေခိုင်းခြင်းမရှိ၊ မုန့်တိုက်သည် လုပ်ငန်းလိုင်စင် မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ်ပြန်” ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူစုလူဝေးဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက်နေ ဦးသီဟထွန်း ၏ “လိုတရရွှေစံလှပေါက်စီ” မုန့်တိုက်တွင် အလုပ်လုပ်ကိုင်နေသည့် ကလေးများအား အလုပ်ရှင်မှ ညှဉ်းပန်းနှိပ်စက်နေသဖြင့် မုန့်တိုက်အနီး၌ ရပ်ကွက်နေပြည်သူ ၄၀ ဦးခန့် စုဝေးမှုဖြစ်ပေါ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍သွားရောက်ဆွေးနွေးရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာလူစုကွဲသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ယနေ့နေ့လည် ၁၂ နာရီခန့်တွင် မုန့်တိုက်အတွင်း ကလေးငယ်များ ကျန်ရှိနေသေးသည်ဟုယူဆကာ အဆိုပါမုန့်တိုက်သို့ ရပ်ကွက်နေပြည်သူ ၅၀ ဦးခန့် ထပ်မံလာရောက်ခဲ့ပြီး နေ့လည် ၁ နာရီခွဲခန့်တွင် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ ရောက်ရှိလာကာ အင်တာဗျူးဆောင်ရွက်ခဲ့၍ အင်အား ၁၀၀ ဦးခန့်ဖြစ်လာသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူထုကိုယ်စားလှယ်များမှ စေ့စပ်ညှိနှိုင်းခဲ့ပြီး မုန့်တိုက်အတွင်းသို့ ဝင်ရောက်စိစစ်ရှာဖွေရာတွင်လည်း ကလေးငယ်တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရပါကြောင်း ဖော်ပြထားသည်။ ဖြစ်စဉ်ဖြစ်ပွားခဲ့မှုအပေါ် အဖြစ်မှန်ပေါ်ပေါက်ရေးအဆိုပါမုန့်တိုက်တွင်လုပ်ကိုင်နေသည့် အလုပ်သမား၁၈ ဦး(ကျား ၄၊ မ ၁၄)တို့အား စိစစ်ရာ၎င်းတို့သည်မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း၊လုပ်ခလစာအားမိဘများထံလစဉ်ပေးပို့နိုင်ခဲ့ကြောင်း၊ အလုပ်ရှင်မှလည်းအလုပ်သမားများအပေါ် အတင်းအဓမ္မနှိပ်စက်၍ စေခိုင်းခြင်းမရှိကြောင်း၊ အော်ဒါများကျသည့်နေ့များတွင် အချိန်ပိုလုပ်ကိုင်ရလေ့ရှိပြီး နောက်ကျပါက တစ်ခါတစ်ရံ ဆူပူပြောဆိုခံရခြင်းများရှိကြောင်း၊ ၂၄ နာရီလုံး လုပ်ကိုင်ရသည့်နေ့မရှိကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အလုပ်ရှင်၏ညီဖြစ်သူ အောင်ကျော်မင်းက အလုပ်သမားဖြစ်သူ စကျော်လင်းထွေး(၁၉)နှစ်အား ပေါက်စီပြုလုပ်ရန် ကြက်သွန်အခွံခွာရာတွင် နောက်ကျသည့်ကိစ္စနှင့်ပတ်သက်၍ ဆူပူပြောဆိုကာပါးရိုက်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အောင်ကျော်မင်းအား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း၌ဥပဒေနှင့်အညီ အမှုရေးဖွင့်ဆောင်ရွက်ထားရှိကြောင်းဖော်ပြထားသည်။ အဆိုပါမုန့်တိုက်မှာ လုပ်ငန်းလိုင်စင်မရှိသဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #အလုပ်သမား


Share this post