• Follow Us on

Home ဒဂုံဆိပ်ကမ်းမြို့၌ အဆောင်ပိုင်ရှင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ

ဒဂုံဆိပ်ကမ်းမြို့၌ အဆောင်ပိုင်ရှင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့၌ ယနေ့နံနက်တွင် အဆောင်ဌားရမ်းခြင်းလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးသည် အမည်မသိ သေနတ်သမားတစ်ဦး၏ လုပ်ကြံခြင်းခံခဲ့ရပါတယ်။

 

“အသတ်ခံရတာကတော့ ဟုတ်ပါတယ်၊ မနက် ၁၁ နာရီလောက်က ဖြစ်သွားတာ လုပ်ကြံခံရတဲ့ အမျိုးသမီး ကတော့ နေရာမှာတင်ပဲ သေဆုံးခဲ့ပါတယ်” လို့ သတ်ဖြတ်ခံရသည့် အမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြော သည်။

 

အဆိုပါ အမျိုးသမီးသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၀) ရပ်ကွက်၌ အဆောင်ဖွင့်လှစ်ကာ အသက်မွေးဝမ်း ကြောင်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး စိတ်သဘောထားကောင်းမွန်သူတစ်ဦးဖြစ်ကြောင်း နီးစပ်သူများ က ဆိုပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရပါတယ်။

 

#PeopleMedia #ဒဂုံဆိပ်ကမ်း

 

(unicode)


…………………………………………………………………….

 


 


 


 


 


 



Share this post