• Follow Us on

Home ဒဂုံၿမိဳ႕နယ္ City Express ဆုိင္ေရွ႕ရွိ AYA bank ပုိင္ ATM ေဖာက္ထြင္းခံရ

ဒဂုံၿမိဳ႕နယ္ City Express ဆုိင္ေရွ႕ရွိ AYA bank ပုိင္ ATM ေဖာက္ထြင္းခံရ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၁

ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕နယ္ City Express ဆုိင္ေရွ႕ရွိ AYA bank ATM စက္ ေဖာက္ထြင္းခံရေၾကာင္း ၎ကုမၸဏီႏွင့္ သက္ဆိုင္ရာ ရဲစခန္းမွ အတည္ျပဳသည္။

City Express ဆုိင္ေရွ႕ရွိ AYA bank ATM စက္ ေဖာက္ထြင္းခံရမႈႏွင့္ပတ္သက္၍ ၾသဂုတ္လ ၂၁ ရက္၌ People Media က City Express ႐ုံးခ်ဳပ္ထံ ဆက္သြယ္ေမးျမန္းခဲ့သည္။

“ေဖာက္ခံရတာေတာ့ ဟုတ္တယ္ဗ်။ ဆိုင္အမွတ္ ၀၃ ကေပါ့။ ပိ္ုက္ဆံပါသြားလား။ မပါလားဆိုတာေတာ့ ဆိုင္ပိုင္းမဟုတ္ေတာ့ မသိဘူးခင္ဗ်’’ ဟု City Express ႐ုံးခ်ဳပ္ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အလားတူ ATM ေဖာက္ထြင္းခံရမႈျဖစ္စဥ္အေပၚ ဒဂုံၿမိဳ႕နယ္ရဲစခန္းမွ တာ၀န္ရွိသူမ်ားသြားေရာက္ စစ္ေဆးေနၿပီး ပိုက္ဆံမ်ားပါမပါမသိရွိရေသးေၾကာင္း ဒဂုံၿမိဳ႕မရဲစခန္းမွ တာ၀န္က်တစ္ဦးကလည္းေျဖၾကားခဲ့သည္။

၎ေဖာက္ထြင္းခံရမႈကို ၾသဂုတ္လ ၂၁ ရက္ မနက္ပိုင္းတြင္ သိရွိခဲ့ရျခင္းျဖစ္ၿပီး ၎ဆိုင္မွာ ဒဂုံၿမိဳ႕နယ္န၀ေ ဒးလမ္းတြင္ တည္ရွိေသာဆိုင္ေရွ႕မွ ATM စက္ျဖစ္သည္။

Photo – Credit

#PeopleMedia #ဒဂုံၿမိဳ႕ #CityExpress

(unicode)
ဒဂုံမြို့နယ် City Express ဆိုင်ရှေ့ရှိ AYA bank ပိုင် ATM ဖောက်ထွင်းခံရ
…………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် City Express ဆိုင်ရှေ့ရှိ AYA bank ATM စက် ဖောက်ထွင်းခံရကြောင်း ၎င်းကုမ္ပဏီနှင့် သက်ဆိုင်ရာ ရဲစခန်းမှ အတည်ပြုသည်။

City Express ဆိုင်ရှေ့ရှိ AYA bank ATM စက် ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ ဩဂုတ်လ ၂၁ ရက်၌ People Media က City Express ရုံးချုပ်ထံ ဆက်သွယ်မေးမြန်းခဲ့သည်။

“ဖောက်ခံရတာတော့ ဟုတ်တယ်ဗျ။ ဆိုင်အမှတ် ၀၃ ကပေါ့။ ပိ်ုက်ဆံပါသွားလား။ မပါလားဆိုတာတော့ ဆိုင်ပိုင်းမဟုတ်တော့ မသိဘူးခင်ဗျ’’ ဟု City Express ရုံးချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ATM ဖောက်ထွင်းခံရမှုဖြစ်စဉ်အပေါ် ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများသွားရောက် စစ်ဆေးနေပြီး ပိုက်ဆံများပါမပါမသိရှိရသေးကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ကျတစ်ဦးကလည်းဖြေကြားခဲ့သည်။

၎င်းဖောက်ထွင်းခံရမှုကို ဩဂုတ်လ ၂၁ ရက် မနက်ပိုင်းတွင် သိရှိခဲ့ရခြင်းဖြစ်ပြီး ၎င်းဆိုင်မှာ ဒဂုံမြို့နယ်န၀ ေဒးလမ်းတွင် တည်ရှိသောဆိုင်ရှေ့မှ ATM စက်ဖြစ်သည်။

Photo – Credit

#PeopleMedia #ဒဂုံမြို့ #CityExpress


Share this post