• Follow Us on

Home ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် PDF အဖွဲ့ဝင် ၁၉ ဦး လက်နက်၊ ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် PDF အဖွဲ့ဝင် ၁၉ ဦး လက်နက်၊ ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် PDF အဖွဲ့ဝင် ၁၉ ဦး လက်နက်၊ ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားချက်အရ သိရှိရသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၂ ရက်နေ့တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လရိပ်ချိုတည်းခိုခန်း၌ PDF အဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာတွင် အောင်မင်းသူ(ကိုသူ)၊ ဇင်မင်း ကျော်၊ ဇင်မင်းကိုတို့အား ပစ္စတိုသေနတ်နှစ်လက်၊ ကျည်မျိုးစုံ ၃၈ တောင့်၊ ကျည်အိမ် ၃ ခုတို့နှင့်အတူ ဖမ်းဆီးရ မိခဲ့သည်ဟုဆိုသည်။

 

၎င်းတို့၏ထွက်ဆိုချက်များအရ သြဂုတ်လ ၂၃ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အင်းဝအိမ်ရာမှ အောင်ကိုမင်း(ခ)လင်းညို၊ အောင်အောင်(ခ)အောင်ကြီးနှင့် နော်ခင်နှင်းဝေ(ခ)မှုံစီတို့ သုံးဦးအား ပစ္စတိုသေနတ် တစ်လက်နှင့် ကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အောင်ကိုမင်း(ခ)လင်းညို၏ ထွက်ဆိုချက်အရဆက် စပ်တရားခံများဖြစ်သည့် ဆန်းမင်းပိုင်နှင့် ၇ ဦးတို့ကို လက်နက်များနှင့်အတူ သြဂုတ် ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

ဆက်လက်စုံစမ်းစစ်ဆေးရာ ဆန်းမင်းပိုင်း၏ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူ အိမ်ရာအား ဝင်ရောက်ရှာဖွေဖမ်းဆီးရာတွင် ဆက်စပ်တရားခံများဖြစ်သည့် ဘုန်းသူရခန့်၊ သန့်ဇင်အောင်၊ ထက် ပိုင်စိုးနှင့် ဝေယံထွန်းတို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရားခံ ညီညီမှာ တိုက်အမိုးပေါ်သို့ ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးစဉ် တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၃ လက်နှင့် ၉ မမကျည် ၈၅ တောင့်၊ ပွိုင့် ၃၈ ကျည် ၄၇ တောင့်၊ ကျည်အိမ် ၅ ခု၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

 

ထို့အပြင် သြဂုတ်လ ၂၅ ရက်နေ့တွင် အောင်ကိုမင်း(ခ)လင်းညို၏ထွက်ဆိုချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဝင်း မင်းထွဋ်ကို ပြုလုပ်ဆဲလက်လုပ်မိုင်းတစ်လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖောက်ခွဲဖျက်ဆီးမှုများနှင့် လုပ်ကြံသတ်ဖြတ်ပစ်ခတ်မှုများကို အသီးသီးဖော်ထုတ်စစ်ဆေးသိရှိရကြောင်း ထုတ် ပြန်ချက်တွင် ရေးသားထားသည်။

 

အလားတူ ယင်းကဲ့သို့လုပ်ကြံသတ်ဖြတ်သူများကို ဥပဒေအရထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် အခြားဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများကို သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ကြောင်းနှင့် သတင်းပေးသူနှင့်ဖမ်းဆီးပေး သူများကို ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်မည်ဖြစ်ကြောင်းကိုလည်း သြဂုတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ကြေညာထားသည်။

 

#PeopleMedia #ဒဂုံမြို့သစ် #PDF #နစက

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post