• Follow Us on

Home ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ကျူးကျော်များကို ဖယ်ရှားမည်

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ကျူးကျော်များကို ဖယ်ရှားမည်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ကျူးကျော်များအား လာမည့်ရက်ပိုင်းအတွင်း ဖယ်ရှား ရှင်းလင်းသွားမယ်လို့ သိရပါတယ်။

 

အထက်ပါကဲ့သို့ ဖယ်ရှားရှင်းလင်းရာတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ကျန်စစ်သားလမ်း၊ မြနန္ဒနာလမ်း၊ ကမ်းနားပတ်လမ်း၊ ဆိပ်ကမ်းသာလမ်း၊ ပုဏ္ဏမီလမ်း၊ ရွှေထီးလမ်း၊ ကျီစုစက်မှုဇုံ၊ ကွပ်အပ်သားမင်းသားလမ်း၊ ဧရာဝဏ်လမ်း စသည့်နေရာများမှ ကျူးကျော်တဲများအား ဖယ်ရှားရှင်းလင်းမည့်အထဲတွင် ပါဝင်ကြောင်း သိရ ပါတယ်။

 

အဆိုပါကဲ့သို့ ဖယ်ရှားရှင်းလင်းရခြင်းမှာ ကျူးကျော်နေထိုင်မှုများကြောင့် အများပြည်သူ စိတ်ငြိုငြင်မှုများဖြစ်ပေါ် စေကြောင်း၊ အများပြည်သူ ကျန်းမာရေးထိခိုက်စေမည့်ကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝမ်ပိပြားရေး ကို ထိခိုက်စေခြင်းကြောင့်ဖြစ်ကြောင်း ဖယ်ရှားရှင်းလင်းမည့်အမိန့်စာတွင် ဖော်ပြထားပါတယ်။

 

ယင်းကဲ့သို့ ဖယ်ရှားမည်ဖြစ်သောကြောင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ကျန်စစ်သားလမ်း၊ မြနန္ဒနာလမ်း၊ ကမ်းနားပတ်လမ်း၊ ဆိပ်ကမ်းသာလမ်း၊ ပုဏ္ဏမီလမ်း၊ ရွှေထီးလမ်း၊ ကျီစုစက်မှုဇုံ၊ ကွပ်အပ်သားမင်းသားလမ်း၊ ဧရာဝဏ်လမ်း စသည့်နေရာများမှ ဖယ်ရှားရန်နှင့် ဆက်လက်ကျူးကျော်မှုမပြုလုပ်ရန် ရာဇဝတ်ကျင့်သုံးဥပဒေ ပုဒ်မ ၁၃၃ အား ထုတ်ပြန်ကြောင်း အမိန့်စာတွင် ရေးသားထားပါတယ်။

 

#PeopleMedia #ဒဂုံမြို့သစ်ဆိပ်ကမ်း #ကျူးကျော်

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post