• Follow Us on

Home ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး၏ နေအိမ် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး၏ နေအိမ် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး၏ နေအိမ်ကို အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၂) ရပ်ကွက်၊ ဦးကြင်ဦး လမ်းရှိ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးလှအောင်သည် နေအိမ်အတွင်းရှိနေစဉ် အမျိုးသားနှစ်ဦးက ဆိုင်ကယ် ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

 

“လာပစ်တဲ့သူတွေက လူငယ်တွေပဲ ဆိုင်ကယ်တစ်စီးနဲ့ လာပြီးတော့ ပစ်တာ ပစ်ပြီးတာနဲ့ကို တန်းပြီးတော့ ပြေးတာ။ သူတို့က ပစ်ပြီးတော့ တန်းပြေးတဲ့အခါကျတော့ ဗုံးက နေအိမ်ကို မကျဘူး။ အပြင် ရေမြောင်းထဲကို ကျပြီးတော့ ကွဲတယ် လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူး” ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြော ပါတယ်။

 

ယခုရက်ပိုင်းအတွင်း၌ ရန်ကုန်တိုင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်အချို့ လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိ ပါတယ်။

 

Photo – ပုံဟောင်း အသုံးပြုထားသည်။

 

#PeopleMedia #USDP

 

(unicode)


………………………………………………………

 


 


 


 


 


 


 

#PeopleMedia #USDP


Share this post