• Follow Us on

Home ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈) ရပ်ကွက်၌ လက်လုပ်မိုင်းစမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၁) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈) ရပ်ကွက်၌ လက်လုပ်မိုင်းစမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၁) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလလမ်း ထောင့်ရှိ အိမ်အမှတ်(၂၂) ၌ ယမန်နေ့ နံနက် ၉ နာရီခန့်က လက်လုပ်မိုင်းစမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ အိမ်အမှတ်(၂၂) ၌ မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ နေအိမ်အပေါ်ထပ်၌ ဂျွန်ဇန်ဗန်ဗျက်လာ(ဘ)ဦးငွန်ဇလျန်၊ အသက် (၁၇)နှစ်၊ ကျော်သီဟ(ဘ) ဦးသူရကျော်ခေါင်၊ အသက်(၁၇)နှစ်နှင့် အောင်ခန့်ပိုင်(ဘ)ဦးရဲအောင်၊ အသက်(၁၇)နှစ်တို့တွင် ပြင်းထန်မိုင်း စထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ စေခဲ့သော်လည်း ကျော်သီဟသည် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးသည် ဂျွန်ဇန်ဗန်ဗျက်လာ၏နေအိမ်၌ လက်လုပ်မိုင်းစမ်းသပ်မှုများပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရ၍ ပါဝင်သူတစ်ဦးဖြစ်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇) ရပ်ကွက်၊ သုခလမ်း၊ အိမ်အမှတ်(၄၇) ရှိ ကျော်သီဟ၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၁၂ ဗို့ကျည် ၂၆ တောင့်၊ ဗိုက်ဘာဦးထုပ် ၆ လုံး၊ လက်ရိုက်တုတ် ၁ ချောင်းနှင့် အကြမ်းဖက်မှုပြုလုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်၌ ထိခိုက်ဒဏ်ရာရရှိသူများကို တပ်မတော်ဆေးရုံ၌ ဆေးကုသမှုပေးနေကြောင်း သိရသည်။

 

#PeopleMedia #မိုင်းပြုလုပ်မှု

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post