• Follow Us on

Home ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဦးကျားကြီးလက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံရ သေဆုံးခြင်းမရှိ

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဦးကျားကြီးလက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံရ သေဆုံးခြင်းမရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၂ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၅၄) ရပ်ကွက်၊ ပုဂံလမ်းပေါ်ရှိ ဦးကျားကြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၁၁ ရက် နံနက် ၆ နာရီအချိန်တွင် ဆိုင်ကယ်စီးလာသူ အမည်မသိသေနတ်သမားနှစ်ဦး လာရောက်ပစ်ခတ်သည့်အတွက် ဆိုင်ဖွင့်ရန်ပြင်ဆင်နေသည့် ဆိုင်ရှင် ဦးလှမျိုးအောင်နှင့် ဇနီးဒေါ်နှင်းဆီတို့ကို ဆိုင်ရှေ့မှသေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

 

ထို့ကြောင့် ဦးလှမျိုးအောင်မှာ ဝမ်းဗိုက်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဇနီးဖြစ်သူမှာ လက်ဖျံဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

 

အလားတူပစ်ခတ်ခံရသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးလှမျိုးအောင်မှာ ဒလန်ဖြစ်သဖြင့် ယခုလိုပစ်ခတ်ခံရ ခြင်းဖြစ်ကြောင်း မီဒီယာအချို့တွင် ဖော်ပြပါရှိသည်။

 

#PeopleMedia #ဦးကျားကြီးလက်ဖက်ရည်ဆိုင်

 

(unicode)


……………………………………………………………………………………

 


 


 


 


 


 



Share this post