• Follow Us on

Home ဒစ္ဂ်စ္တယ္ေငြေၾကးလိမ္လည္မႈျဖစ္ရပ္တြင္ အေမရိကန္မွ နာမည္ေက်ာ္ ပုဂၢိဳလ္မ်ား၏ တြစ္တာအေကာင့္မ်ား ဟက္ခံရ

ဒစ္ဂ်စ္တယ္ေငြေၾကးလိမ္လည္မႈျဖစ္ရပ္တြင္ အေမရိကန္မွ နာမည္ေက်ာ္ ပုဂၢိဳလ္မ်ား၏ တြစ္တာအေကာင့္မ်ား ဟက္ခံရ

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၁၆

ဒစ္ဂ်စ္တယ္ေငြေၾကး(Bitcoin)လိမ္လည္မႈဟုယူဆရသည့္ျဖစ္ရပ္တစ္ခုအတြင္း ဟက္ကာမ်ားက ပစ္မွတ္ထားခဲ့သည့္ တြစ္တာ အေကာင့္မ်ားတြင္ အေမရိကန္မွ နာမည္ႀကီးပုဂၢိဳလ္မ်ားထဲ ကုေဋႂကြယ္သူေဌး အီလြန္မက္စ္က္၊ ဂ်က္ဘီဇို႔စ္ႏွင့္ ဘီလ္ဂိတ္တို႔ လည္းပါ၀င္ေနသည္။

အေမရိကန္သမၼတေဟာင္းဘားရက္ အိုဘားမား၊ သမၼတေလာင္းဂ်ိဳး ဘိုင္ဒန္ႏွင့္ အဆိုေတာ္ကန္ေယး၀က္စ္တ္တို႔၏ တရား ၀င္တြစ္တာအေကာင့္မ်ားကလည္း ဒစ္ဂ်စ္တယ္ေငြေၾကးမ်ာအလွဴခံခဲ့သည္။

“လူတိုင္းက ကၽြန္ေတာ့္ကိုျပန္ေပးဖို႔ ေတာင္းဆိုေနၾကတယ္။ ၁၀၀၀ ေပးရင္ ကၽြန္ေတာ္က ၂၀၀၀ ျပန္ေပးပါမယ္” ဟု မစၥတာ ဂိတ္၏အေကာင့္တြင္ေရးသားထားသည္။

“ကုမၸဏီတြင္းစနစ္မ်ားႏွင့္ ပစၥည္းကိရိယာမ်ားကို အသံုးျပဳခြင့္႐ွိေသာ”၀န္ထမ္းမ်ားကို ပစ္မွတ္ထားသည့္ “ပူးေပါင္းႀကံစည္မႈ”ဟု တြစ္တာက ယခုျဖစ္ရပ္ႏွင့္ပတ္သက္၍တံု႔ျပန္ထားသည္။

“အဲဒီ၀င္ခြင့္ကို ဟက္ကာေတြသံုးၿပီးေတာ့ အတည္ျပဳထားအေကာင့္ေတြအပါအ၀င္ လူမ်ားမ်ားျမင္ေတြ႕ရတဲ့အေကာင့္ေတြနဲ႔ ပို႔စ္ေတြကို ပိုင္႐ွင္ေတြကိုကိုယ္စားထိန္းခ်ဳပ္ခဲ့ၾကတာလို႔ ကၽြန္ေတာ္တို႔သိပါတယ္”ဟု တြစ္တာကေျပာသည္။

ကုမၸဏီတြင္းစနစ္မ်ားႏွင့္ ပစၥည္းကိရိယာမ်ားအသံုးျပဳခြင့္ကိုကန္႔သတ္ရာ၌ သိသာထင္႐ွားသည့္လုပ္ရပ္မ်ားလုပ္ထားၿပီး စံုစမ္း စစ္ေဆးမႈမ်ားလည္း ဆက္လက္ျပဳလုပ္ေနသည္ဟု တြစ္တာက အသိေပးသည္။

“တြစ္တာက ကၽြန္ေတာ္တို႔အတြက္ေတာ့ ခက္ခဲတဲ့ေန႔တစ္ေန႔ပါပဲ။ ဒီလိုျဖစ္ခဲ့တာ ကၽြန္ေတာ္တို႔လည္း ေတာ္ေတာ္ စိတ္မ ေကာင္းပါဘူး”ဟု တြစ္တာအမႈေဆာင္အရာ႐ွိခ်ဳပ္ဂ်က္ ေဒၚေဆးက တြစ္တာတြင္ေျပာသည္။

Ref : Major US Twitter accounts hacked in Bitcoin scam

#PeopleMedia

(unicode)
ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုဖြစ်ရပ်တွင် အမေရိကန်မှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ တွစ်တာအကောင့်များ ဟက်ခံရ
…………………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၆

ဒစ်ဂျစ်တယ်ငွေကြေး(Bitcoin)လိမ်လည်မှုဟုယူဆရသည့်ဖြစ်ရပ်တစ်ခုအတွင်း ဟက်ကာများက ပစ်မှတ်ထားခဲ့သည့် တွစ်တာ အကောင့်များတွင် အမေရိကန်မှ နာမည်ကြီးပုဂ္ဂိုလ်များထဲ ကုဋေကြွယ်သူဌေး အီလွန်မက်စ်က်၊ ဂျက်ဘီဇို့စ်နှင့် ဘီလ်ဂိတ်တို့ လည်းပါဝင်နေသည်။

အမေရိကန်သမ္မတဟောင်းဘားရက် အိုဘားမား၊ သမ္မတလောင်းဂျိုး ဘိုင်ဒန်နှင့် အဆိုတော်ကန်ယေးဝက်စ်တ်တို့၏ တရား ဝင်တွစ်တာအကောင့်များကလည်း ဒစ်ဂျစ်တယ်ငွေကြေးမျာအလှူခံခဲ့သည်။

“လူတိုင်းက ကျွန်တော့်ကိုပြန်ပေးဖို့ တောင်းဆိုနေကြတယ်။ ၁၀၀၀ ပေးရင် ကျွန်တော်က ၂၀၀၀ ပြန်ပေးပါမယ်” ဟု မစ္စတာ ဂိတ်၏အကောင့်တွင်ရေးသားထားသည်။

“ကုမ္ပဏီတွင်းစနစ်များနှင့် ပစ္စည်းကိရိယာများကို အသုံးပြုခွင့်ရှိသော”ဝန်ထမ်းများကို ပစ်မှတ်ထားသည့် “ပူးပေါင်းကြံစည်မှု”ဟု တွစ်တာက ယခုဖြစ်ရပ်နှင့်ပတ်သက်၍တုံ့ပြန်ထားသည်။

“အဲဒီဝင်ခွင့်ကို ဟက်ကာတွေသုံးပြီးတော့ အတည်ပြုထားအကောင့်တွေအပါအဝင် လူများများမြင်တွေ့ရတဲ့အကောင့်တွေနဲ့ ပို့စ်တွေကို ပိုင်ရှင်တွေကိုကိုယ်စားထိန်းချုပ်ခဲ့ကြတာလို့ ကျွန်တော်တို့သိပါတယ်”ဟု တွစ်တာကပြောသည်။

ကုမ္ပဏီတွင်းစနစ်များနှင့် ပစ္စည်းကိရိယာများအသုံးပြုခွင့်ကိုကန့်သတ်ရာ၌ သိသာထင်ရှားသည့်လုပ်ရပ်များလုပ်ထားပြီး စုံစမ်း စစ်ဆေးမှုများလည်း ဆက်လက်ပြုလုပ်နေသည်ဟု တွစ်တာက အသိပေးသည်။

“တွစ်တာက ကျွန်တော်တို့အတွက်တော့ ခက်ခဲတဲ့နေ့တစ်နေ့ပါပဲ။ ဒီလိုဖြစ်ခဲ့တာ ကျွန်တော်တို့လည်း တော်တော် စိတ်မ ကောင်းပါဘူး”ဟု တွစ်တာအမှုဆောင်အရာရှိချုပ်ဂျက် ဒေါ်ဆေးက တွစ်တာတွင်ပြောသည်။

Ref : Major US Twitter accounts hacked in Bitcoin scam

#PeopleMedia


Share this post