• Follow Us on

Home ဒဏ်ရာရ အာဖဂန်တပ်သားများကို သယ်လာသည့်ရဟတ်ယာဉ် ၂ စင်းတိုက်မိ၊ အနည်းဆုံး လူ ၉ ယောက်သေဆုံး


Share this post

ကဘူးလ်၊ အောက်တိုဘာ ၁၅
 
 
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
ဒဏ်ရာရ အာဖဂန်တပ်သားများကို သယ်လာသည့်ရဟတ်ယာဉ် ၂ စင်းတိုက်မိ၊ အနည်းဆုံး လူ ၉ ယောက်သေဆုံး
………………………………………………….
 
ကဘူးလ်၊ အောက်တိုဘာ ၁၅
 
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟယ်မန်ပြည်နယ်တွင် ဒဏ်ရာရစစ်သားများကိုသယ်ဆောင်လာသည့် စစ်ရဟတ်ယာဉ် ၂ စင်းတိုက်မိမှုကြောင့် အနည်းဆုံးလူ ၉ ယောက်သေဆုံးခဲ့သည်။
 
သေဆုံးသူအချို့မှ လေတပ်စစ်ဆင်ရေးများအတွက် အထူးလေ့ကျင့်ထားသောတပ်ဖွဲ့ဝင်များဖြစ်သည်။
 
ဗုဒ္ဓဟူးနေ့က နာဝါခရိုင်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်သည် နည်းပညာပြဿနာကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
ထိုဒေသသည် မကြာသေးမီရက်များအတွင်း အမေရိကန်၏လေကြောင်းအထောက်အပံ့ရထားသည့် အာဖဂန်အစိုးရတပ်ဖွဲ့များနှင့် တာလီဘန်စစ်သွေးကြွများကြား ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားနေသည်။
 
သောင်းကျန်းသူများက သူတို့ထိန်းချုပ်ထားသည့်ခရိုင်တခုရှိသောလာ့ရှ်ကာဂါမြို့စပ်သို့ ထွက်ပေါက်ရရေး အတွက် တိုက်ခိုက်နေကြသည်။
 
ကလေးငယ်များရှိသည့်မိသားစုများအပါအဝင် အရပ်သားများက ထိုမြို့ရှိခရိုင်များတွင်ခိုလှုံရန် ထွက်ပြေးခဲ့ ကြပြီး အများအပြားသည် လမ်းမများပေါ်တွင် အကာအရံမရှိဘဲအိပ်နေရသည်ဟု အထောက်အပံ့ပေးရေး အေဂျင်စီများကပြောသည်။
 
ဟမ်မန်ရှိအိမ်များမှ လူ ၃၅၀၀၀ ကျော်ထွက်ပြေးနေရသည်ဟု အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာကုလသမဂ္ဂရုံး ကပြောသည်။
 
Ref : Afghan-Taliban conflict Helicopters carrying wounded troops collide
 
#PeopleMedia

Share this post