• Follow Us on

Home ဒလန်ဟု စွပ်စွဲခံရပြီး လုပ်ကြံခံခဲ့ရသည့် မယ်တော်ဖြစ်သူ ဒလန်လုပ်သည်ဟု ၇၀ ရာခိုင်နှုန်း သေချာပါက မိမိကို ပါ လာရောက်သတ်နိုင်ကြောင်း ရဟန်းတော် မိန့်ကြား

ဒလန်ဟု စွပ်စွဲခံရပြီး လုပ်ကြံခံခဲ့ရသည့် မယ်တော်ဖြစ်သူ ဒလန်လုပ်သည်ဟု ၇၀ ရာခိုင်နှုန်း သေချာပါက မိမိကို ပါ လာရောက်သတ်နိုင်ကြောင်း ရဟန်းတော် မိန့်ကြား

Share this post

နေပြည်တော်၊ သြဂုတ် ၂၅ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အောင်လံလမ်း၌ အဆောင်ဖွင့်ထားသည် ဒေါ်သီတာမောင်မောင် အသတ်ခံခဲ့ရခြင်းနှင့် ပတ်သတ်၍ မယ်တော်ဖြစ်သူ ဒလန်လုပ်သည်ဟု ၇၀ ရာခိုင်နှုန်း သေချာပါက မိမိကိုပါ လာရောက်သတ်နိုင်ကြောင်း ရဟန်းတော် မိန့်ကြားထားပါတယ်။

 

ဒလန်ဟုဆိုကာ အသတ်ခံခဲ့ရသည့် ဒေါ်သီတာမောင်မောင်မှ ဒလန်လုပ်သည်ဟု ၇၀ ရာခိုင်နှုန်းလောက် သေ ချာပါက ဦးဇင်းကိုလည်း လာသတ်နိုင်ကြောင်း သေဆုံးသူ၏သားဖြစ်သူ ဦးဇင်းက သူ၏ လူမှုကွန်ယက်စာမျက် နှာမှာ ပြောဆိုထားပါတယ်။

 

အဆိုပါ အမျိုးသမီးမှာ အထက်ပါ ဦးဇင်း၏ မိခင်ဖြစ်၍ ဦးဇင်းမှ ရေးသားထားရာတွင် “ဦးဇင်း မယ်တော်ကြီးကို ကြက်ကလေး ငှက်ကလေးလို လမ်းဘေးမှာ ရက်ရက်စက်စက်သတ်သွားတဲ့ လူတွေကပဲ။ မယ်တော်ကြီးရဲ့ ဒလန်လုပ်ငန်းစဉ် ၇၀ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းလောက် တစ်တိုင်းပြည်လုံးသိအောင် ချပြပေးပါလို့ ဦးဇင်း တောင်းဆိုလိုက်ပါတယ်။ သက်သေနှင့်တစ်ကွ ချပြနိုင်လျှင် ဦးဇင်းကိုလည်း မယ်တော်ကြီးကို လုပ်ကြံသတ် ဖြတ်ခဲ့သလိုကို ထပ်တူခံစားလိုပါကြောင်း သီတင်းကောင်းပါးအပ်ပါတယ်” လို့ ဒေါ်သီတာမောင်မောင် သား ဖြစ်သူ ဦးဇင်းမှ ပြောဆိုထားပါတယ်။

 

ခိုင်မာတဲ့သက်သေ မချပြနိုင်ပါက ဦးဇင်းရဲ့ အရမ်းချစ်ရသော တန်ဖိုးမဖြတ်နိုင်တဲ့ နိဗ္ဗာန်သွားရာ ထွက်ရပ် ပေါက်ဖြစ်သော ငါ၏ခန္တာကိုယ်ကို အသက်နဲ့ရင်း အနာကျင်ခံပြီးမွေးပေးခဲ့တဲ့ မာတာမိခင်ကျေးဇူးရှင်ကြီး အတွက် ဘယ်သူတွေက ဘယ်လိုတာဝန်ပြန်ယူပေးကြမှာလဲလို့လည်း ပြောဆိုထားပါတယ်။

 

ဒလန်တော့ဒလန် ဒါပေမယ့် ထင်တစ်လုံးနဲ့ ထင်ဒလန်လုပ်ပြီး ပြည်သူအချင်းချင်း လူမှုရေးမကျေနပ်ချက်တွေ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေအတွက် နိုင်ငံရေးကို ခုတုံးလုပ် လူအချင်းချင်း လှည့်ပတ်ချောက်ချပြီး၊ အသေဆိုးနဲ့ ပေးမသေလိုက်ကြပါနဲ့လို့ ဦးဇင်း ဒီကနေ မေတ္တာရပ်ခံအပ်ပါတယ်လို့ ဒေါ်သီတာမောင်မောင် သားဖြစ်သူ ဦးဇင်းမှ ပြောဆိုထားပါတယ်။

 

ဒေါ်သီတာမောင်မောင် ဒလန်ဟု စွပ်စွဲအသတ်ခံရခြင်းမှာလည်း နားလည်မှုလွဲမှားများကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ၉၀ ရပ်ကွက်နေထိုင်သူတစ်ချို့က ပြောဆိုကြပြီး၊ ယနေ့ သြဂုတ်လ ၂၅ ရက်နေ့သည် ဒေါ်သီတာမောင်မောင်၏ ရက်လည်နေ့လည်း ဖြစ်ပါတယ်။

 

#PeopleMedia #ဒလန်

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 



Share this post