• Follow Us on

Home ဒလမြို့နယ်၊ YMBA အသင်းဥက္ကဋ္ဌသည် အကြမ်းဖက်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံး

ဒလမြို့နယ်၊ YMBA အသင်းဥက္ကဋ္ဌသည် အကြမ်းဖက်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံး

Share this post

ရန်ကုန်၊ မတ် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဥက္ကဋ္ဌ ဦးဟန်တင်သည် မတ် ၇ ရက်နေ့၊ ည (၇) နာရီခန့်အချိန်တွင် အကြမ်းဖက်လူတစ်စု၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းကြောင့် သေ ဆုံးသွားသည်။

 

ဒလမြို့နယ် YMBA ဥက္ကဋ္ဌ ဦးဟန်တင်သည် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအပေါ် ကာကွယ်စောင့်ရှောက် အားထုတ်ခဲ့ခြင်းများအတွက် အထူးပင်ဂုဏ်ယူ အမှတ်တရဖြစ်နေမည်ဖြစ်ပါကြောင်းနှင့် ယခုလို အကြမ်းဖက် အသတ်ခံရမှုအတွက်ကျန်ရစ်သူမိသားစုနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြောင်း YMBA က ထုတ်ပြန်ထား သည်။

 

အလားတူ ပြီးခဲ့သည့်ကာလက ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ချို့ရှိ YMBA အသင်းဝင်များသည် လုပ်ကြံ ခံရမှုများ ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #YMBA

 

(unicode)


………………………………

 


 


 


 


 

#PeopleMedia #YMBA


Share this post