• Follow Us on

Home ဒသမတန်းသင်ရိုးညွှန်း၌ ထည့်သွင်းမည့် Sex Education သည် ကျောင်းသား/သူများကို ပညာပေးရာ မရောက်ဘဲ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လှုံ့ဆော်ရာရောက်ကြောင်း ပြည်ခိုင်ဖြိုးပါတီထုတ်ပြန်

ဒသမတန်းသင်ရိုးညွှန်း၌ ထည့်သွင်းမည့် Sex Education သည် ကျောင်းသား/သူများကို ပညာပေးရာ မရောက်ဘဲ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လှုံ့ဆော်ရာရောက်ကြောင်း ပြည်ခိုင်ဖြိုးပါတီထုတ်ပြန်

Share this post

ရန်ကုန်၊ မေ – ၂၁




လက်ရှိအချိန်၌ ဒသမတန်းသင်ရိုး၌ Sex Education သင်ကြားရေးနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ YMBA အသင်းကြီးတို့မှ ကန့်ကွက်လျှက်ရှိပြီး အဆိုပါကိစ္စရပ်အပေါ် လက်ခံသူများနှင့် လက်မခံသူများတို့မှ သဘော ထားကွဲလွဲရှိသည်။


(Unicode)
ဒသမတန်းသင်ရိုးညွှန်းတန်း၌ ထည့်သွင်းမည့် Sex Education သည် ကျောင်းသား/သူများကို ပညာပေးရာ မရောက်ဘဲ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လှုံ့ဆော်ရာရောက်ကြောင်း ပြည်ခိုင်ဖြိုးပါတီထုတ်ပြန်
………………………………………………

ရန်ကုန်၊ မေ – ၂၁

ဒသမတန်းသင်ရိုးညွှန်း၌ ထည့်သွင်းမည့် Sex Education သည် ကျောင်းသား/သူများကို ပညာပေးရာ မရောက်ဘဲ လိင်းပိုင်ဆိုင်ရာ ဆွဲဆောင်လှုံ့ဆော်ရာရောက်ကြောင်း ပြည်ခိုင်ဖြိုးပါတီက မေ ၂၀ ရက်နေ့၌ ထုတ်ပြန်လိုက်ပါတယ်။

ဒသမတန်းသင်ရိုးညွှန်း၌ ထည့်သွင်းမည့် Sex Education ကြောင့် လက်ထက်ထိမ်းမြှားခြင်းမပြုမီ လိင်ဆက် ဆံရာကို အားပေးရာရောက်ကြောင်း၊ အပျိုဖော်ဝင်သည်နှင့် လိင်ဆက်ဆံမှုပြုခြင်းသည် လူ့သဘာဝအရ ဖြစ် ပေါ်တိုးတက်ခြင်းဟု လက်ခံကာ မြန်မာယဉ်ကျေးမှုစံချိန်စံညွှန်းများကို လူ့အခွင့်အရေးအရ ကန့်သတ်ချုပ်ခြယ် မှုအဖြစ် ရှုမြင်၍ ချိုးဖောက်မှုများ ပြုလုပ်လာဖွယ်ရှိကြောင်းနှင့် ပညာသင်ယူဆဲ ကျောင်းသား/ကျောင်းသူများ အား ပညာပေးရာမရောက်ဘဲ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လှုံဆော်ရာရောက်ကြောင်းစသည့်ဖြင့် ပြည်ခိုင်ဖြိုးပါတီ ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကျောင်းသင်ရိုး၌ Sex Education ထည့်သွင်းသင်ကြားမည့်ကိစ္စရပ်နှင့်ပတ်သက်၍ မိတ္ထီလာပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက အရေးကြီးအဆိုတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ပယ်ချခဲ့ခြင်းကြောင့် မြန်မာလူ့အဖွဲ့အစည်းအတွက် ဝမ်းနည်းဖွယ်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ဆိုသည်။

လက်ရှိအချိန်၌ ဒသမတန်းသင်ရိုး၌ Sex Education သင်ကြားရေးနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ YMBA အသင်းကြီးတု့ိမှ ကန့်ကွက်လျှက်ရှိပြီး အဆိုပါကိစ္စရပ်အပေါ် လက်ခံသူများနှင့် လက်မခံသူများတို့မှ သဘော ထားကွဲလွဲရှိသည်။

#PeopleMedia #USDP #YMBA #sex education


Share this post