• Follow Us on

Home ဒါဟာချီနဲ့ ခါကိဗ်နယ်မြေတွေကို ယူကရိန်းတပ်တွေ ပြန်လည်ထိန်းချုပ်ထားနိုင်

ဒါဟာချီနဲ့ ခါကိဗ်နယ်မြေတွေကို ယူကရိန်းတပ်တွေ ပြန်လည်ထိန်းချုပ်ထားနိုင်

Share this post

နိုင်ငံတကာ၊ မတ် ၁၀

 

ယူကရိန်းတပ်ဖွဲ့တွေဟာ ဒါဟာချီနဲ့ ခါကိဗ်နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ယူကရိန်းတပ် တွေက ပြောပါတယ်။ ရုရှားတပ်တွေက အဲဒီမြို့ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ကြိုးစားနေပေမဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် အဲဒီနေရာတွေကို မပိတ်ဆို့နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

 

“ရုရှားတပ်တွေဟာ မြို့ကြီးကို ဝိုင်းပတ်ပိတ်ဆို့ထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရုရှားတပ်တွေကို ယူကရိန်း တပ်တွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ခါကိဗ်ဒေသတွင်းအုပ်ချုပ်ရေးအကြီးအကဲ အိုလက်ရှ်ဆီနီဂူ လက်ဗ်က ပြောပါတယ်။” လို့ Kiev Independent သတင်းဌာနက တွစ်တာမှာရေးသားခဲ့ပါတယ်။

 

မတ်လ ၈ ရက်နေ့မှာ ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ခါကိဗ်မြို့မှာရှိတဲ့ လူနေအိမ်တစ်လုံး ဗုံးထိမှန်ခဲ့ပြီး ခုနစ်နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

 

ခါကိဗ်မြို့ဟာ ယူကရိန်းနိုင်ငံထဲမှာ ဗုံးအ ကြဲခံရဆုံးမြို့ထဲမှာ ပါဝင်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကလည်း ၎င်းအနေနဲ့ နေတိုးအဖွဲ့ထဲကိုဝင်ရောက်ဖို့ ဆက်ပြီးတော့ မကြိုးစားတော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။

 

နေတိုးအဖွဲ့ဟာ ယူကရိန်းနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဇီလန်စကီးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းမလုပ်ရသေးခင် ယူကရိန်းနိုင်ငံက ခွဲ ထွက်သွားတဲ့နယ်မြေနှစ်ခုအရေးနဲ့ပတ်သက်လို့လည်း အပေးအယူအလျှော့အတင်းလုပ်ဖို့ လမ်းဖွင့်ထားတယ် လို့ ယူကရိန်းသမ္မတဇီလန်စကီးက မတ်လ ၉ ရက်နေ့က ပြောပါတယ်။

 

ရုရှားသမ္မတပူတင်ကတော့ အဲဒီခွဲထွက်လာတဲ့နယ်မြေနှစ်ခုရဲ့ လွတ်လပ်ရေးကြေညာချက်ကို တရားဝင်အသိ အမှတ်ပြုထားပါတယ်။

 

မတ်လ ၁၀ ရက်နေ့မှာတော့ တူရကီနိုင်ငံတောင်ပိုင်းမှာ ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးတွေ မျက်နှာချင်း ဆိုင်တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရီကူလီဘာ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့ဗ်တို့နဲ့အတူ တူရကီ နိုင်ငံခြားရေးဝန်ကြီး မီဗတ်လ်တ်ကာဗူဆော့လူလည်း အစည်းအဝေးကို တက်ရောက်မယ်လို့ဆိုပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်တဲ့ တူရကီက ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားမှာ ကြားဝင်ဖျန်ဖြေပေးဖို့ ကမ်းလှမ်း ထားပါတယ်။ ရုရှားကျူးကျော်စစ် ဆက်လက်ဖြစ်ပွားနေပေမဲ့လည်း တူရကီနိုင်ငံကတော့ နှစ်နိုင်ငံစလုံးနဲ့ ခိုင် မာတဲ့ဆက်ဆံရေးဆက်လက်တည်ရှိနေဖို့ စိတ်အားထက်သန်စွာဆောင်ရွက်နေတာကိုတွေ့ရပါတယ်။

 

Ref: Ukrainian military regains control of Derhachi, Kharkiv

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Ukrainian military regains control of Derhachi, Kharkiv

 

#PeopleMedia


Share this post