• Follow Us on

Home ဒိန္းမတ္နယ္စပ္ကို Su-27 ဂ်က္တိုက္ေလယာဥ္က်ဴးေက်ာ္ခဲ့ေၾကာင္း ေနတိုးထုတ္ျပန္ခ်က္ကို ႐ု႐ွားျငင္းဆို

ဒိန္းမတ္နယ္စပ္ကို Su-27 ဂ်က္တိုက္ေလယာဥ္က်ဴးေက်ာ္ခဲ့ေၾကာင္း ေနတိုးထုတ္ျပန္ခ်က္ကို ႐ု႐ွားျငင္းဆို

Share this post

ေမာ္စကို၊ စက္တင္ဘာ ၁

အေမရိကန္ေလတပ္ B-52H မဟာဗ်ဴဟာဗံုးႀကဲေလယာဥ္ကို အေထာက္အထားျပခိုင္းရန္ အလုအယက္ႀကိဳးပမ္းခဲ့သည့္႐ု႐ွားေလတပ္၏ Su-27 ဂ်က္တိုက္ေလယာဥ္သည္ ဒိန္းမတ္နယ္စပ္ကိုက်ဴးေက်ာ္ခဲ့ျခင္းမ႐ွိဘဲ ေဘာ္လတစ္ပင္လယ္၏စပ္ၾကားေရပိုင္နက္တြင္ပ်ံသန္းခဲ့ျခင္းျဖစ္ေၾကာင္း ႐ု႐ွားကာကြယ္ေရး၀န္ႀကီးဌာနေျပာခြင့္ရသူက အဂၤါေန႔တြင္ သတင္းေထာက္မ်ားကိုေျပာသည္။

“႐ု႐ွား Su-27 ဂ်က္တိုက္ေလယာဥ္က ဒိန္းမတ္နယ္စပ္ကိုက်ဴးေက်ာ္ခဲ့တယ္ဆိုတဲ့ ေျမာက္အတၱလႏၲိ တ္မဟာမိတ္အဖြဲ႔ရဲ႕ထုတ္ျပန္ခ်က္ကို ကာကြယ္ေရး၀န္ႀကီးဌာနကျငင္းဆိုပါတယ္။”ဟု ထိုအရာ႐ွိကေျပာသည္။

အေမရိကန္ေလတပ္ B52 ဗံုးႀကဲေလယာဥ္တစ္စင္းကို ႐ု႐ွား Su-27 ဂ်က္တိုက္ေလယာဥ္တစ္စင္းက ေဘာ္လတစ္ပင္လယ္၏ ႏိုင္ငံတကာေလေၾကာင္းပိုင္နက္တြင္ ၾကားျဖတ္ေႏွာင့္ယွက္ခဲ့ေၾကာင္း အေစာပိုင္းတြင္ ေနတိုးအဖြဲ႔က ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္သည္။

ထုတ္ျပန္ခ်က္အရ ႐ု႐ွားဂ်က္တိုက္ေလယာဥ္သည္ B52 ဗံုးႀကဲေလယာဥ္ကိုလိုက္သည့္ ႐ု႐ွားတိုက္ေလယာဥ္သည္ ကၽြန္းေပၚသို႔ေက်ာ္၍ ဒိန္းမတ္ေလေၾကာင္းပိုင္နက္ကိုေက်ာ္လြန္ၿပီး ေနတိုးအဖြဲ႔၀င္တစ္ႏိုင္ငံ၏ေလေၾကာင္းပိုင္နက္ကို သိသာသည္ခ်ိဳးေဖာက္မႈျပဳလုပ္ခဲ့ေၾကာင္း ၀န္ခံခဲ့သည္ဟုသိရသည္။

အျခားႏိုင္ငံမ်ား၏နယ္နိမိတ္ကိုခ်ိဳးေဖာက္ျခင္းမ႐ွိဘဲ ႏိုင္ငံတကာေလေၾကာင္းပိုင္နက္စည္းမ်ဥ္းမ်ားအတိုင္း လိုက္နာပ်ံသန္းခဲ့ေၾကာင္း ႐ု႐ွားကာကြယ္ေရး၀န္ႀကီးဌာနကအသိအမွတ္ျပဳသည္။

ထိုအခ်က္ကို မွ်တသည့္ထိန္းခ်ဳပ္မႈမ်ားျဖင့္ အတည္ျပဳႏိုင္ေၾကာင္းလည္း ၀န္ႀကီးဌာနကအေလးေပးေျပာသည္။

႐ု႐ွားႏိုင္ငံပိုင္နက္ကိုခ်ည္းကပ္လာသည့္ ေလေၾကာင္းပစ္မွတ္ ၃ ခုကို ေဘာ္လတစ္ပင္လယ္ဘံုပိုင္ေရျပင္မွ႐ု႐ွားေလေၾကာင္းပိုင္နက္ထိန္းခ်ဳပ္ေရးဌာနက ၾသဂုတ္ ၃၁ ရက္တြင္ ေထာက္လွမ္းေတြ႕႐ွိခဲ့သည္။

ထိုပစ္မွတ္မ်ားကိုအေထာက္အထားျပခိုင္းရန္ ေဘာ္လတစ္တပ္စုေလေၾကာင္းကာကြယ္ေရးတပ္ဖြဲ႔မ်ားမွ Su-27 ၃ စင္းအလုအယက္ႀကိဳးစားခဲ့သည္။

အမႈထမ္းမ်ားက ထိုပစ္မွတ္မ်ားသည္ အေမရိကန္ေလတပ္မွ B-52H မဟာဗ်ဴဟာေျမာက္ဗံုးႀကဲေလယာဥ္မ်ားျဖစ္ေၾကာင္း အတည္ျပဳခဲ့ၿပီး ဗံုးႀကဲေလယာဥ္႐ု႐ွားနယ္စပ္မွထြက္ခြာၿပီးေနာက္ ဂ်က္တိုက္ေလယာဥ္မ်ား အေျခစိုက္စခန္းသို႔ျပန္ခဲ့သည္။

Ref : Russia denies NATO statement about its Su-27 fighter violating Danish border

#PeopleMedia

(unicode)
ဒိန်းမတ်နယ်စပ်ကို Su-27 ဂျက်တိုက်လေယာဉ်ကျူးကျော်ခဲ့ကြောင်း နေတိုးထုတ်ပြန်ချက်ကို ရုရှားငြင်းဆို
……………………………………………………

မော်စကို၊ စက်တင်ဘာ ၁

အမေရိကန်လေတပ် B-52H မဟာဗျူဟာဗုံးကြဲလေယာဉ်ကို အထောက်အထားပြခိုင်းရန် အလုအယက်ကြိုးပမ်းခဲ့သည့်ရုရှားလေတပ်၏ Su-27 ဂျက်တိုက်လေယာဉ်သည် ဒိန်းမတ်နယ်စပ်ကိုကျူးကျော်ခဲ့ခြင်းမရှိဘဲ ဘော်လတစ်ပင်လယ်၏စပ်ကြားရေပိုင်နက်တွင်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူက အင်္ဂါနေ့တွင် သတင်းထောက်များကိုပြောသည်။

“ရုရှား Su-27 ဂျက်တိုက်လေယာဉ်က ဒိန်းမတ်နယ်စပ်ကိုကျူးကျော်ခဲ့တယ်ဆိုတဲ့ မြောက်အတ္တလန္တိ တ်မဟာမိတ်အဖွဲ့ရဲ့ထုတ်ပြန်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာနကငြင်းဆိုပါတယ်။”ဟု ထိုအရာရှိကပြောသည်။

အမေရိကန်လေတပ် B52 ဗုံးကြဲလေယာဉ်တစ်စင်းကို ရုရှား Su-27 ဂျက်တိုက်လေယာဉ်တစ်စင်းက ဘော်လတစ်ပင်လယ်၏ နိုင်ငံတကာလေကြောင်းပိုင်နက်တွင် ကြားဖြတ်နှောင့်ယှက်ခဲ့ကြောင်း အစောပိုင်းတွင် နေတိုးအဖွဲ့က ထုတ်ပြန်ချက်တစ်စောင်ထုတ်သည်။

ထုတ်ပြန်ချက်အရ ရုရှားဂျက်တိုက်လေယာဉ်သည် B52 ဗုံးကြဲလေယာဉ်ကိုလိုက်သည့် ရုရှားတိုက်လေယာဉ်သည် ကျွန်းပေါ်သို့ကျော်၍ ဒိန်းမတ်လေကြောင်းပိုင်နက်ကိုကျော်လွန်ပြီး နေတိုးအဖွဲ့ဝင်တစ်နိုင်ငံ၏လေကြောင်းပိုင်နက်ကို သိသာသည်ချိုးဖောက်မှုပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုသိရသည်။

အခြားနိုင်ငံများ၏နယ်နိမိတ်ကိုချိုးဖောက်ခြင်းမရှိဘဲ နိုင်ငံတကာလေကြောင်းပိုင်နက်စည်းမျဉ်းများအတိုင်း လိုက်နာပျံသန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအသိအမှတ်ပြုသည်။

ထိုအချက်ကို မျှတသည့်ထိန်းချုပ်မှုများဖြင့် အတည်ပြုနိုင်ကြောင်းလည်း ဝန်ကြီးဌာနကအလေးပေးပြောသည်။

ရုရှားနိုင်ငံပိုင်နက်ကိုချည်းကပ်လာသည့် လေကြောင်းပစ်မှတ် ၃ ခုကို ဘော်လတစ်ပင်လယ်ဘုံပိုင်ရေပြင်မှရုရှားလေကြောင်းပိုင်နက်ထိန်းချုပ်ရေးဌာနက ဩဂုတ် ၃၁ ရက်တွင် ထောက်လှမ်းတွေ့ရှိခဲ့သည်။

ထိုပစ်မှတ်များကိုအထောက်အထားပြခိုင်းရန် ဘော်လတစ်တပ်စုလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များမှ Su-27 ၃ စင်းအလုအယက်ကြိုးစားခဲ့သည်။

အမှုထမ်းများက ထိုပစ်မှတ်များသည် အမေရိကန်လေတပ်မှ B-52H မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဗုံးကြဲလေယာဉ်ရုရှားနယ်စပ်မှထွက်ခွာပြီးနောက် ဂျက်တိုက်လေယာဉ်များ အခြေစိုက်စခန်းသို့ပြန်ခဲ့သည်။

Ref : Russia denies NATO statement about its Su-27 fighter violating Danish border

#PeopleMedia


Share this post