• Follow Us on

Home ဒိုင်လူကြီးကို မျက်မှန်တပ်ဖို့ လိုအပ်နေတယ်လို့ ဝေဖန်ခဲ့တဲ့ ရော်နယ်ဒို

ဒိုင်လူကြီးကို မျက်မှန်တပ်ဖို့ လိုအပ်နေတယ်လို့ ဝေဖန်ခဲ့တဲ့ ရော်နယ်ဒို

Share this post

အားကစား၊ မတ် ၁၆

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ယနေ့ မနက် အစောပိုင်း ကစားခဲ့တဲ့ ယူနိုက်တက်-အက်သ လက်ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒိုင်လူကြီးရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပေါက်ကွဲခဲ့ပြီး ဝေဖန်ခဲ့ပါတယ်။

 

အက်သလက်ဟာ လိုဒီရဲ့ ခေါင်းတိုက်ဂိုးကြောင့် အနိုင်ရကာ နှစ်ကျော့ပေါင်း ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ကွာတား ဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

 

ယူနိုက်တက်အသင်းသားတွေဟာ ဂရစ်ဇ်မန်းရဲ့ ထောင့်ဖြတ်ဘောကနေ လိုဒီ ခေါင်းတိုက်သွင်းခဲ့တာနဲ့ ပတ် သက်လို့ Build-up လုပ်ရာမှာ အီလန်ဂါကို ဥပဒေပကစားတယ်ဆိုပြီး ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းစောဒက တက် ခဲ့ပါတယ်။

 

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုကလည်း ဂိုးပေးလိုက်တဲ့ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ပေါက်ကွဲ သွားပြီး မျက်မှန်သင်္ကေတဖြစ်တဲ့ မျက်လုံး ၂ လုံးကို လက်နဲ့ အဝိုင်းလေးပုံစံလုပ်ပြကာ မျက်မှန်တပ်ဖို့ လိုအပ် နေပြီလို့ ဝေဖန်ခဲ့ပါတယ်။

 

ဒါပေမဲ့ ရော်နယ်ဒိုရဲ့ စောဒကတက်မှုကလည်း အဆင်မပြေခဲ့ဘဲ အဆိုပါဖြစ်ရပ်ကို VAR ပြန်ကြည့်ခဲ့ပေမယ့် လိုဒီရဲ့ ဂိုးကို အတည်ပြုခဲ့ပါတယ်။

 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ စပါးကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အက်သလက်နဲ့ ပွဲမှာတော့ ဂိုးပေါက်ကန်သွင်းမှုမရှိခဲ့တဲ့အထိ ပြိုင်ဘက်ရဲ့ ထိန်းချုပ် ခြင်းခံခဲ့ရပါတယ်။

 

ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘ၀ ဂိုးအသွင်းနိုင်ဆုံးအသင်းတွေထဲက တသင်းဖြစ်တဲ့ အက်သလက်တီကို ကို ဒီတကြိမ်တော့ ဂိုးမသွင်းနိုင်တဲ့စံချိန်ဆိုးတင်မဟုတ်ဘဲ ကစားသမားဘဝနောက်ဆုံး ၁၆ နှစ်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် ဆုဖလားလက်မဲ့ရာသီကိုပါ ရင်ဆိုင်လိုက်ရတော့မှာ ဖြစ်ပါတယ်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 


 


 


 

#PeopleMedia


Share this post