• Follow Us on
Latest News

Home ဒီဇင္ဘာ(၉)ရက္ေန႔၌ က်င္းပမည့္ ႏွစ္(၁၀၀)ျပည့္ အမ်ိဳးသားေန႔ကုိ NLD ပါတီက အမ်ိဳးသားေအာင္ပြဲေန႔ အမည္ျဖင့္ သုံးႏႈန္းမည္

ဒီဇင္ဘာ(၉)ရက္ေန႔၌ က်င္းပမည့္ ႏွစ္(၁၀၀)ျပည့္ အမ်ိဳးသားေန႔ကုိ NLD ပါတီက အမ်ိဳးသားေအာင္ပြဲေန႔ အမည္ျဖင့္ သုံးႏႈန္းမည္

Share this post

ရန္ကုန္၊ နို၀င္ဘာ – ၂၅
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာ(၉)ရက္ေန႔၌ က်င္းပမည့္ ႏွစ္(၁၀၀)ျပည့္ အမ်ဳိးသားေန႔ကုိ NLD ပါတီက အမ်ဳိးသား ေအာင္ပြဲေန႔အမည္ျဖင့္ ဆက္လက္သုံးႏႈန္းသြားမည္ျဖစ္ေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔က ေျပာပါတယ္။
“ကြၽန္ေတာ္တို႔ပါတီကေတာ့ အဲဒီေန႔ကို အမ်ိဳးသားေအာင္ပြဲေန႔လို႔ပဲ အစဥ္အဆက္ ႏွစ္စဥ္က်င္းပခဲ့တာပါ။ က်င္း ပျဖစ္ခဲ့ရင္ေတာ့ အမ်ိဳးသားေအာင္ပြဲေန႔ဆိုတာကိုပဲ သုံးပါမယ္။ ဒါေပမဲ့ COVID အေျခအေနေၾကာင့္ေတာ့ က်င္း ပျဖစ္၊ မျဖစ္ကေတာ့ ကြၽန္ေတာ္တို႔ေျပာလို႔မရေသးပါဘူး”ဟု ၎မွေျပာသည္။
ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကလည္း နို၀င္ဘာ ၂၄ ရက္ေန႔၌ ႏွစ္(၁၀၀)ျပည့္ အမ်ိဳးသားေန႔ေအာင္ပြဲ က်င္းပႏုိင္ ေရးႏွင့္ပတ္သက္၍ ညွိႏွိုင္းအစည္းအေဝးတစ္ရပ္ျပဳလုပ္ခဲ့သည္။
ထုိ႔အတူ NLD ပါတီသည္ ၿပီးခဲ့သည္ အမ်ဳိးသားေန႔မ်ား၌ အမ်ဳိးသားေအာင္ပြဲေန႔အျဖစ္သာ ရန္ကုန္ၿမိဳ႕႔ ေရႊဂုံ တုိင္ရွိ NLD ပါတီ႐ုံးခ်ဳပ္၌ က်င္းပခဲ့သည္။
Photo – NLD
#PeopleMedia #အမ်ဳိးသားေန႔ #အမ်ဳိးသားေအာင္ပြဲေန႔ #NLD
(unicode)
ဒီဇင်ဘာ(၉)ရက်နေ့၌ ကျင်းပမည့် နှစ်(၁၀၀)ပြည့် အမျိုးသားနေ့ကို NLD ပါတီက အမျိုးသားအောင်ပွဲနေ့ အမည်ဖြင့် သုံးနှုန်းမည်
………………………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ – ၂၅
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ(၉)ရက်နေ့၌ ကျင်းပမည့် နှစ်(၁၀၀)ပြည့် အမျိုးသားနေ့ကို NLD ပါတီက အမျိုးသား အောင်ပွဲနေ့အမည်ဖြင့် ဆက်လက်သုံးနှုန်းသွားမည်ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
“ကျွန်တော်တို့ပါတီကတော့ အဲဒီနေ့ကို အမျိုးသားအောင်ပွဲနေ့လို့ပဲ အစဉ်အဆက် နှစ်စဉ်ကျင်းပခဲ့တာပါ။ ကျင်း ပဖြစ်ခဲ့ရင်တော့ အမျိုးသားအောင်ပွဲနေ့ဆိုတာကိုပဲ သုံးပါမယ်။ ဒါပေမဲ့ COVID အခြေအနေကြောင့်တော့ ကျင်း ပဖြစ်၊ မဖြစ်ကတော့ ကျွန်တော်တို့ပြောလို့မရသေးပါဘူး”ဟု ၎င်းမှပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်း နိုဝင်ဘာ ၂၄ ရက်နေ့၌ နှစ်(၁၀၀)ပြည့် အမျိုးသားနေ့အောင်ပွဲ ကျင်းပနိုင် ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။
ထို့အတူ NLD ပါတီသည် ပြီးခဲ့သည် အမျိုးသားနေ့များ၌ အမျိုးသားအောင်ပွဲနေ့အဖြစ်သာ ရန်ကုန်မြို့့ ရွှေဂုံ တိုင်ရှိ NLD ပါတီရုံးချုပ်၌ ကျင်းပခဲ့သည်။
Photo – NLD
#PeopleMedia #အမျိုးသားနေ့ #အမျိုးသားအောင်ပွဲနေ့ #NLD


Share this post