• Follow Us on

Home ဒီဇင္ဘာ ၁၁ ရက္အေစာဆံုးထားၿပီး အေမရိကန္ႏိုင္ငံသားမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးစတင္ထိုးေပးမည္ဟုဆို

ဒီဇင္ဘာ ၁၁ ရက္အေစာဆံုးထားၿပီး အေမရိကန္ႏိုင္ငံသားမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးစတင္ထိုးေပးမည္ဟုဆို

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၂၃

ဒီဇင္ဘာ ၁၁ ရက္အေစာဆံုးထားၿပီး အေမရိကန္ႏိုင္ငံသားမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးေတာ့မည္ဟု အေမရိကန္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအစီအစဥ္အႀကီးအကဲကေျပာသည္။ ကာကြယ္ေဆးတမ်ိဳးကို အတည္ျပဳပါက ၂၄ နာရီအတြင္း ပို႔ေဆာင္ရန္စီစဥ္ထားေၾကာင္း ေဒါက္တာ မြန္ဆက္ ဆလာအြီက စီအန္အန္သတင္းဌာနကိုေျပာသည္။

ႏိုင္ငံတ၀န္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္တက္ေနခ်ိန္တြင္ ထိုကဲ့သို႔မွတ္ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၁၂ သန္းေက်ာ္႐ွိၿပီး ေသဆံုးသူ ၂၅၅၀၀၀ ေက်ာ္႐ွိသည္ဟု ဂၽြန္ေဟာ့ကင္းတကၠသိုလ္၏အခ်က္အလက္မ်ားအရသိရသည္။

အေမရိကန္ျပည္ေထာင္စုသည္ တကမာၻလံုးတြင္ ကူးစက္မႈႏွင့္ေသဆံုးမႈအမ်ားဆံုးႏိုင္ငံျဖစ္သည္။

အေမရိကန္ေဆးကုမၸဏီ ဖီဇာႏွင့္ မိတ္ဖက္ဂ်ာမနီေဆးကုမၸဏီ ဘိုင္အိုနက္တက္ခ္တို႔က ေသာၾကာေန႔တြင္ သူတို႔၏ ၉၅ ရာခိုင္ႏႈန္းအစြမ္းထက္ေသာကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အေရးေပၚအသံုးျပဳခြင့္ေပးရန္ အေမရိကန္အစိုးရ၏ အစားအစာႏွင့္ေဆးဝါးႀကီးၾကပ္ကြပ္ကဲမႈဌာန(FDA) ထံ ေလွ်ာက္ထားခဲ့သည္။

အေမရိကန္မွ မိုဒါးနားေဆးကုမၸဏီ၏ေဆးသည္လည္း ၉၅ ရာခိုင္ႏႈန္းနီးပါးအစြမ္းထက္ေၾကာင္းေျပာထားၿပီး လာမည့္ သီတင္းပတ္မ်ားအတြင္း အသံုးျပဳခြင့္ရရန္ေလွ်ာက္ထားမည္ဟု ခန္႔မွန္းရသည္။

ကာကြယ္ေဆးမ်ား၏ကာကြယ္ႏိုင္သည့္သက္တမ္းႏွင့္ လူမ်ားဗိုင္းရပ္စ္သယ္ေဆာင္မႈကိုရပ္တန္႔ႏိုင္ျခင္း႐ွိ၊ မ႐ွိ မ႐ွင္းလင္းေသးေခ်။

Ref : Covid: First Americans ‘could get vaccine in December’

#PeopleMedia

(unicode)
ဒီဇင်ဘာ ၁၁ ရက်အစောဆုံးထားပြီး အမေရိကန်နိုင်ငံသားများကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစတင်ထိုးပေးမည်ဟုဆို
……………………………………………………….

ဝါရှင်တန်၊ နိုဝင်ဘာ ၂၃

ဒီဇင်ဘာ ၁၁ ရက်အစောဆုံးထားပြီး အမေရိကန်နိုင်ငံသားများကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးတော့မည်ဟု အမေရိကန်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအစီအစဉ်အကြီးအကဲကပြောသည်။ ကာကွယ်ဆေးတမျိုးကို အတည်ပြုပါက ၂၄ နာရီအတွင်း ပို့ဆောင်ရန်စီစဉ်ထားကြောင်း ဒေါက်တာ မွန်ဆက် ဆလာအွီက စီအန်အန်သတင်းဌာနကိုပြောသည်။

နိုင်ငံတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်နေချိန်တွင် ထိုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၂ သန်းကျော်ရှိပြီး သေဆုံးသူ ၂၅၅၀၀၀ ကျော်ရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏အချက်အလက်များအရသိရသည်။

အမေရိကန်ပြည်ထောင်စုသည် တကမ္ဘာလုံးတွင် ကူးစက်မှုနှင့်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။

အမေရိကန်ဆေးကုမ္ပဏီ ဖီဇာနှင့် မိတ်ဖက်ဂျာမနီဆေးကုမ္ပဏီ ဘိုင်အိုနက်တက်ခ်တို့က သောကြာနေ့တွင် သူတို့၏ ၉၅ ရာခိုင်နှုန်းအစွမ်းထက်သောကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးရန် အမေရိကန်အစိုးရ၏ အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန(FDA) ထံ လျှောက်ထားခဲ့သည်။

အမေရိကန်မှ မိုဒါးနားဆေးကုမ္ပဏီ၏ဆေးသည်လည်း ၉၅ ရာခိုင်နှုန်းနီးပါးအစွမ်းထက်ကြောင်းပြောထားပြီး လာမည့် သီတင်းပတ်များအတွင်း အသုံးပြုခွင့်ရရန်လျှောက်ထားမည်ဟု ခန့်မှန်းရသည်။

ကာကွယ်ဆေးများ၏ကာကွယ်နိုင်သည့်သက်တမ်းနှင့် လူများဗိုင်းရပ်စ်သယ်ဆောင်မှုကိုရပ်တန့်နိုင်ခြင်းရှိ၊ မရှိ မရှင်းလင်းသေးချေ။

Ref : Covid: First Americans ‘could get vaccine in December’

#PeopleMedia


Share this post