• Follow Us on
Latest News

Home ဒီပဲယင်းမြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ ထပ်မံနုတ်ထွက်

ဒီပဲယင်းမြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ ထပ်မံနုတ်ထွက်

Share this post

မန္တလေး၊ စက်တင်ဘာ ၁၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ ထပ်မံနုတ်ထွက်ခဲ့ကြကြောင်း ယင်းမြို့နယ်ဒေသခံများထံမှ သိရသည်။

 

နုတ်ထွက်ထားသည့် ကျေးရွာများမှာ ဒါန်းပင်၊ တောတန်း စသည့်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအပါအဝင် အုပ်ချုပ်ရေးမှူးတချို့ ဆက်တိုက်နုတ်ထွက်နေကြခြင်းဖြစ်သည်။

 

နုတ်ထွက်စာတင်ခဲ့ကြသည့် အုပ်ချုပ်ရေးမှူးများမှာ ကျန်းမာရေးမကောင်းသဖြင့် နုတ်ထွက်ကြောင်း ရေးသား ထားကြသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို PDF အဖွဲ့များမှ လိုက်လံ သတ်ဖြတ်မှုများကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပြိုင်အဆိုင် နုတ်ထွက်နေကြခြင်းဖြစ်ကြောင်း ဒေသ ခံများက ပြောဆိုကြသည်။

 

ယင်းပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ပြည်နယ်နှင့် တိုင်း တော်တော်များများရှိ ရပ်ကျေးအုပ်ချုပ် ရေးမှူးအများစုမှာလည်း PDF အဖွဲ့များ ခြိမ်းခြောက်မှုများကြောင့် တာဝန်မှ နုတ်ထွက်နေလျက်ရှိကြောင်း သိရ သည်။

 

#PeopleMedia #ဒီပဲယင်း

 

(unicode)


…………………………………………………………….

 

မန်တလေး၊ စကျတငျဘာ ၁၇ (People Media)

 


 


 


 


 


 



Share this post