• Follow Us on

Home ဒီပဲယင်းမြို့နယ်၌ တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရန် ဆောင်ရွက်နေစဉ် မိုင်းပေါက်ကွဲပြီး ဂဠုန် PDF အဖွဲ့ ဝင် (၂) ဦး သေဆုံး

ဒီပဲယင်းမြို့နယ်၌ တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရန် ဆောင်ရွက်နေစဉ် မိုင်းပေါက်ကွဲပြီး ဂဠုန် PDF အဖွဲ့ ဝင် (၂) ဦး သေဆုံး

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဒီဇင်ဘာ ၃၁ ရက်၊ မွန်းလွဲပိုင်း၌ တပ်ယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်ရန် ဆောင်ရွက်နေစဉ် မိုင်းပေါက်ကွဲပြီး ဂဠုန် PDF အဖွဲ့ဝင် (၂) ဦး သေဆုံးသွားကြောင်း ဂဠုန် PDF အဖွဲ့ မှ ထုတ်ပြန်ထားသည်။

 

သေဆုံးသူ (၂) ဦးသည် ဒီပဲယင်းအခြေစိုက် ဂဠုန် PDF အဖွဲ့မှ ရဲဘော် မျိုးလွင်ဦး (၂၂) နှစ်နှင့် ရဲဘော် သန်း ထိုက်အောင် (၁၉) နှစ်တို့ဖြစ်ပြီး တပ်မှ ထိုးစစ်ဆက်လျက်ရှိသော လမ်းခရီး၌ မိုင်းဆွဲတိုက်ခိုက်ရန် ကြိုးစားရာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ မိုင်းပေါက်ကွဲမှု၌ ဂဠုန် PDF အဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့သည့်အပြင် အဖွဲ့ဝင် (၃) ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဂဠုန် PDF အဖွဲ့ သတင်းထုတ်ပြန်ထားသည်။

 

အလားတူ ဂဠုန် PDF အဖွဲ့သည် ပြီးခဲ့သည့်လအတွင်း၌ မိုင်းကွဲ၍ အဖွဲ့ဝင်အချို့ သေဆုံးခဲ့သလို တိုင်းဒေသ ကြီး/ပြည်နယ်များ၌ PDF အဖွဲ့ဝင်များသည် လက်လုပ်မိုင်း တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း ပြုလုပ်နေစဉ် မိုင်းကွဲ၍ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

Photo – ပုံအဟောင်းအသုံးပြုထားသည်။

 

#PeopleMedia #ဂဠုန် PDF အဖွဲ့

 

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post