• Follow Us on

Home ဒီပဲယင်းမြို့နယ်၌ PPP ပါတီ၏ ကျေးရွာစည်းရုံးရေးမှူး လုပ်ကြံခံရ

ဒီပဲယင်းမြို့နယ်၌ PPP ပါတီ၏ ကျေးရွာစည်းရုံးရေးမှူး လုပ်ကြံခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၉ (People Media)

 

ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မူးကတွင်းကျေးရွာ၊ PPP ပါတီ၏ ကျေးရွာစည်ရုံးရေးမှူးဖြစ်သူသည် နေအိမ်၌ လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့က မူးကတွင်းကျေးရွာ၊ PPP ပါတီ ကျေးရွာတာဝန်ခံ ဦးဆန်းဦးသည် နေအိမ်၌ ရှိနေစဉ် လက်လုပ်သေနတ် ကိုင်ဆောင်ထားသည့်လူများမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

“လက်ပြန်ကြိုးတုတ်ပြီးတော့ အသတ်ခံရတာ။ သူက ပါတီအလုပ်ကို မလုပ်တာကြာပြီ။ ရွေးကောက် ပွဲပြီးထဲက ပဲ။ အဲ့ဒါကို ဘာကြောင့် လုပ်ကြံသတ်ဖြတ်သွားတာလည်းဆိုတာကို နားကိုမလည်ဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ဒီပဲယင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ် ကြံခံရ၍ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #ဒီပဲယင်းမြို့နယ် #PPP

 

(unicode)


………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post