• Follow Us on

Home ဒီပဲယင်းမြို့နယ် တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင် ၈ ယောက်သေ၊ စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့ဝင်များ လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်ခိုလှုံ

ဒီပဲယင်းမြို့နယ် တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင် ၈ ယောက်သေ၊ စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့ဝင်များ လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်ခိုလှုံ

Share this post

ဒီပဲယင်း၊ မတ် ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မင်းဆွေနှစ်ကျေးရွာအနီး၌ စခန်းချလှုပ်ရှားနေသည့် PDF အဖွဲ့ဝင် စခန်းကို လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ PDF အဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့သည်။

 

“မတ်လ ၄ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးအဖွဲ့တွေ ဝင်ရှင်းသွားတာ။ PDF ၈ ယောက်သေတယ်။ အများ အပြား ဒဏ်ရာရတယ်” လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့ဝင်များသည် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပျက်ပြားလျက်ရှိပြီး အချို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သွားရောက်ပူးပေါင်းလျက်ရှိနေကြောင်း PDF အဖွဲ့ဝင်အချို့က ပြောသည်။

 

“စစ်ကိုင်းတိုင်းက PDF အားကောင်းတော့ စစ်ဆင်ရေးတွေ တစ်လျောက်လုံးရှိနေတယ်။ ကျွန်တော်တို့ မိတ် ဆွေတွေဆိုရင် တပ်ဘက်ကို ဘက်ပြောင်းသွားကြတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာ PDF တွေမှာ တော်တော် ကျဆင်းနေပြီ။ လက်နက်မရှိဘူးဗျာ။ သံပိုက်ကြီးတွေကိုင်ပြီး လျောက်သွားနေရတာ။” လို့ PDF အဖွဲ့ဝင်တစ်ဦး က ပြောသည်။

 

လက်ရှိအချိန်၌ န-မ-ခ နယ်မြေအတွင်း၌ လုံခြုံရေးအဖွဲ့များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသလို ရေစကြိုမြို့နယ်၌ သောင်းကျန်းနေသည့် PDF အဖွဲ့များကို စစ်ဆင်ရေး ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားလျက်ရှိသည်။

 

#PeopleMedia

 

(unicode)


…………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post