• Follow Us on
Latest News

Home ဒီပဲယင်းမြို့နယ် PDF အဖွဲ့၏ စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒီပဲယင်း PDF အဖွဲ့ ထုတ်ပြန်

ဒီပဲယင်းမြို့နယ် PDF အဖွဲ့၏ စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒီပဲယင်း PDF အဖွဲ့ ထုတ်ပြန်

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် PDF အဖွဲ့၏ စခန်းတစ်ခုကို ဒီဇင်ဘာလ (၄) ရက်နေ့ နံနက် (၁၀) နာရီအချိန်က လုံခြုံရေးအဖွဲ့များသည် ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် စခန်းရှိ ပစ္စည်းများကို မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း ယင်း PDF အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် 3K မီးစက် အစုံ – ၁ လုံး၊ ဆိုင်ကယ် – ၃ စီး၊ ပန်းကန်ပြား – အချပ် ၁၀၀၊ ပန်း ကန်လုံး – ၅၀၊ ဇွန်း – ၁၀၀၊ ချောင် – ၅ လုံး၊ ယောက်ချိုဇွန်းကြီး – ၅ ချောင်း၊ တိုက်ပန်းကန်ပြား – ၁၀ ချပ်၊ ဓာတ်ဗူး – ၂ လုံး၊ သတ္ထုခွက် – ၁ ခွက်၊ ဆီစစ် – ၁ ခု၊ မိုးပြဲဒယ်အိုးကြီး – ၁ အပါအဝင် အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ စခန်းမီးရှို့ခံရမှုကြောင့် စုစုပေါင်း ပျက်စီးမှုကာလတန်ဖိုးမှာ ကျပ်သိန်း ၃၀ ကျော်ခန့် ပျက်ဆီးခဲ့ရပြီး၊ PDF တပ်ဖွဲ့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ဒီပဲယင်းPDF

 

(unicode)


……………………………………………………

 


 


 


 


 



Share this post