• Follow Us on

Home ဒီပဲယင်းမြို့ စည်ပင်ရုံးအနီး ဗုံးထောင်သူအမျိုးသားတစ်ဦး ဗုံးကွဲ၍ သေဆုံး

ဒီပဲယင်းမြို့ စည်ပင်ရုံးအနီး ဗုံးထောင်သူအမျိုးသားတစ်ဦး ဗုံးကွဲ၍ သေဆုံး

Share this post

စစ်ကိုင်း၊ စက်တင်ဘာ ၂၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စည်ပင်ရုံးခြံစည်းရိုးအနီး၌ ဗုံးထောင်သူ အမျိုးသားတစ်ဦးသည် ဗုံးပေါက်ကွဲပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက စည်ပင်ရုံးခြံစည်းရိုးအနီး၌ အမျိုးသားတစ်ဦးသည် မိုင်း ထောင်စဉ် မိုင်းပေါက်ကွဲ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသူ၏ ရုပ်အလောင်းကို သက်ဆိုင်ရာက စီစစ်ဆဲဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း လမ်းဘေးမိုင်းထောင်စဉ် မိုင်းပေါက်ကွဲပြီး လူအချို့ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စေခဲ့သည်။

 

ထို့အတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ လက်လုပ်ဗုံးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး သေဆုံးဒဏ်ရာရရှိမှုများ လည်း ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #မိုင်းပေါက်ကွဲ #ဒီပဲယင်းမြို့

 

(unicode)


…………………………………………………

 


 


 


 


 


 


 



Share this post