• Follow Us on

Home ဒီပဲယင်းမြို့နယ်ပညာရေးမှူးရူံး မီးလောင်မှုဖြစ်ပွား

ဒီပဲယင်းမြို့နယ်ပညာရေးမှူးရူံး မီးလောင်မှုဖြစ်ပွား

Share this post

မုံရွာ၊မတ် – ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင် ၊ဒီပဲယင်းမြို့နယ်ပညာရေးမှူးရုံး၌ မတ်လ ၁၄ ရက်နေ့ ည၁၁နာရီ၄၅မိနစ်အချိန်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာမှ သိရသည်။

မီးလောင်မှုအကြောင်းအရင်းမှာ မသမာသူတစ်ဦးမှ မြို့နယ်ပညာရေးမှူးနေထိုင်သည့်ဝန်ထမ်းနေအိမ်လိုင်းခန်းမှတစ်ဆင့် မီးရှို့ရာက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာနေရာသို့ ဒီပဲယင်းမြိုနယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ရေသယ်ယာဉ် ၂ စီး၊ရေဦးမြို့နယ်ဦးသတ်ဦးစီးမှူးဦးရန်ပိုင်ဖြိုးဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် ၁ စီး၊စိုင်ပြင်နယ်မြေစခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီးသန္ဓေ ၂၄ ဦး၊အရန် ၁၂ ဦးနှင့်ပြည်သူများတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၁၂နာရီ၃၁မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၂၇×၁၈×၁၂)ပေရှိ သွပ်မိုး၊ထရံကာ၊ကြမ်းခင်းလိုင်းခန်းအဆောက်အဦ ၁လုံး(၅၄×၁၈×၁၅) ပေ သွပ်မိုး၊ထရံကာ၊မြေစိုက် အဆောက်အဦ ၁ လုံး မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းသုံးထောင်ရှစ်ရာရှိကာ လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ထို့အပြင် မီးလောင်မှုကြောင့် (၄၅×၁၈×၂၀)ပေသွပ်မိုး၊ နံကပ်၊ကွန်ကရစ်ခင်း ရုံးခန်း အဆောက်အဦ၏ တံခါးပေါက် ၉ပေါက်၊ ကျည်းခွေနှင့် မျက်နှာကြပ်များ၊ ရုံးခန်း ၇ ခန်းအတွင်းရှိ ကွန်ပျူတာ၊ ပရင်တာ၊ မိတ္ထူကူးစက်၊ ပန်ကာ၊ ဗီဒို၊ ပရိုဂျက်တာ၊Destop၊ဆက်တီခုံ၊ စားပွဲခုံနှင့် လက်ပ်တော့များ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးတန်ဖိုးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မီးရှို့သူအား ဒီပဲယင်းမြို့မရဲစခန်းမှ ပ၃၃/၂၀၂၁၊ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သူရိယထက်

#PeopleMedia


Share this post