• Follow Us on

Home ဒီမိုကရက္တစ္ပါတီ(ျမန္မာ)တည္ေထာင္ျခင္း ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ သို႔ Covid-19 ကာကြယ္ေရးပစၥည္းမ်ားလွဴဒါန္း

ဒီမိုကရက္တစ္ပါတီ(ျမန္မာ)တည္ေထာင္ျခင္း ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ သို႔ Covid-19 ကာကြယ္ေရးပစၥည္းမ်ားလွဴဒါန္း

Share this post

ရန္ကုန္၊ ေမ ၂၀

ယေန႔က်ေရာက္သည့္ ဒီမိုကရက္တစ္ပါတီ(ျမန္မာ)တည္ေထာင္ျခင္း ၁၀ ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ ပါတီ ေခါင္းေဆာင္မ်ားက ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးသို႔ သြားေရာက္ကာ Covid-19 ကာကြယ္ေရးပစၥည္း မ်ားလွဴဒါန္းေပးအပ္ခဲ့သည္။

ဒီမိုကရက္တစ္ပါတီ(ျမန္မာ)မွလွဴဒါန္းသည့္ Covid-19 ကာကြယ္ေရးပစၥည္းမ်ားကို ရန္ကုန္တိုင္းေဒသႀကီးအစိုး ရအဖြဲ႕၀င္လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္းက လက္ခံခဲ့ေၾကာင္း ပါတီဒုတိယဥကၠ႒ဦးတင္ေဆြကေျပာသည္။

“ပါတီႏွစ္ပတ္လည္အခမ္းအနားလုပ္ဖို႔လည္း အဆင္မေျပေတာ့ အခမ္းအနားလုပ္မယ္အစား လွဴမယ္ဆိုၿပီး ရည္ ရြယ္ခ်က္နဲ႔လုပ္ေဆာင္ခဲ့တာပါ။ ကပ္ေရာဂါက လူမ်ိဳးဘာသာ သူ႔ပါတီကိုယ့္ပါတီေရြးေနမွာမဟုတ္ပါဘူး”ဟု ဒီမိုကရက္တစ္ပါတီ(ျမန္မာ)ဒုတိယဥကၠ႒ ဦးတင္ေဆြကေျပာသည္။

ဒီမိုကရက္တစ္ပါတီ(ျမန္မာ)တည္ေထာင္ျခင္း ၁၀ ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ PPE ၀တ္စံု၊ ႏွာေခါင္းစည္း၊ ေခါင္းစြပ္၊ လက္အိတ္၊ လက္ေဆးရည္စသည့္ Covid-19 ကာကြယ္ေရးပစၥည္း စုစုေပါင္းတန္ဖိုးက်ပ္ငါးသိန္းခန္႔ လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။

#PeopleMedia

(Unicode)
ဒီမိုကရက်တစ်ပါတီ(မြန်မာ)တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ သို့ Covid-19 ကာကွယ်ရေးပစ္စည်းများလှူဒါန်း
………………………………………………………

ရန်ကုန်၊ မေ ၂၀

ယနေ့ကျရောက်သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)တည်ထောင်ခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပါတီ ခေါင်းဆောင်များက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ သွားရောက်ကာ Covid-19 ကာကွယ်ရေးပစ္စည်း များလှူဒါန်းပေးအပ်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှလှူဒါန်းသည့် Covid-19 ကာကွယ်ရေးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လက်ခံခဲ့ကြောင်း ပါတီဒုတိယဥက္ကဋ္ဌဦးတင်ဆွေကပြောသည်။

“ပါတီနှစ်ပတ်လည်အခမ်းအနားလုပ်ဖို့လည်း အဆင်မပြေတော့ အခမ်းအနားလုပ်မယ်အစား လှူမယ်ဆိုပြီး ရည် ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့တာပါ။ ကပ်ရောဂါက လူမျိုးဘာသာ သူ့ပါတီကိုယ့်ပါတီရွေးနေမှာမဟုတ်ပါဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေကပြောသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)တည်ထောင်ခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် PPE ဝတ်စုံ၊ နှာခေါင်းစည်း၊ ခေါင်းစွပ်၊ လက်အိတ်၊ လက်ဆေးရည်စသည့် Covid-19 ကာကွယ်ရေးပစ္စည်း စုစုပေါင်းတန်ဖိုးကျပ်ငါးသိန်းခန့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

#PeopleMedia


Share this post