• Follow Us on

Home ဒီမိုကရတ္မ်ားကေ႐ြးေကာက္ပြဲ႐ွဳပ္ေထြးေအာင္လုပ္ေနဟု ထရမ့္စြပ္စြဲ

ဒီမိုကရတ္မ်ားကေ႐ြးေကာက္ပြဲ႐ွဳပ္ေထြးေအာင္လုပ္ေနဟု ထရမ့္စြပ္စြဲ

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၆

အဂၤါေန႔တြင္က်င္းပခဲ့သည့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ ရလဒ္မ်ားအတိအက်မထြက္ေသးသျဖင့္ ဒီမိုကရတ္မ်ားက ေ႐ြးေကာက္အ႐ွဳပ္အေထြးမ်ားလုပ္ေနသည္ဟု အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က စြပ္စြဲသည္။

ျပည္နယ္ ၅ ခုတြင္ မဲမ်ားဆက္လက္ေရတြက္ေနခ်ိန္ တည္ၿငိမ္ၾကရန္ ဒီမိုကရတ္သမၼတေလာင္း ဂ်ိဳး ဘိုင္ဒန္က တိုက္တြန္းသည္။

က်န္ျပည္နယ္ ၅ ခုတြင္ မဲ ၉၀ ရာခိုင္ႏႈန္း၀န္းက်င္ေရတြက္ၿပီးခ်ိန္ ပန္ဆယ္ေဗးနီးယား၊ ေျမာက္ကယ္႐ိုလိုင္းနားႏွင့္ ေဂ်ာ္ဂ်ီယာျပည္နယ္တို႔တြင္ ထရမ့္က ဦးေဆာင္ေနၿပီး နီဗားဒါးႏွင့္အရီဇိုးနားျပည္နယ္တို႔တြင္ ဘိုင္ဒန္က ဦးေဆာင္ေနသည္။

ထိုအေျခအေနသည္ အေမရိကန္သမိုင္းတေလွ်ာက္တြင္ အခါးသီးဆံုးသမၼတေ႐ြးေကာက္ပြဲၿပိဳင္ဆိုင္မႈျဖစ္ေနသည္။ ၁၉၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ယခုေ႐ြးေကာက္ပြဲသည္ မဲလာေပးသူအမ်ားဆံုးျဖစ္မည္ဟုခန္႔မွန္းေနၾကသည္။

ဘိုင္ဒန္ကိုမဲလာေပးသူ ၇၃ သန္းေက်ာ္႐ွိေနၿပီး အေမရိကန္သမၼတေလာင္းတေယာက္အမ်ားဆံုးရထားသည့္မဲျဖစ္သည့္အျပင္ ထရမ့္သည္လည္း မဲသန္း ၇၀ နီးပါးရထားၿပီး သမိုင္းတေလွ်ာက္ဒုတိယအမ်ားဆံုးမဲရထားသည့္သမၼတေလာင္းျဖစ္သည္။

ယေန႔ေန႔လည္ရလဒ္မ်ားအရ ထရမ့္က ၂၁၃ မဲရထားၿပီး ဘိုင္ဒန္က ၂၅၃ မဲရထားသည္။
Ref : US Election 2020: Trump alleges ‘shenanigans’ as Biden urges calm

#PeopleMedia

(unicode)
ဒီမိုကရတ်များကရွေးကောက်ပွဲရှုပ်ထွေးအောင်လုပ်နေဟု ထရမ့်စွပ်စွဲ
……………………………………..

ဝါရှင်တန်၊ နိုဝင်ဘာ ၆

အင်္ဂါနေ့တွင်ကျင်းပခဲ့သည့်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရလဒ်များအတိအကျမထွက်သေးသဖြင့် ဒီမိုကရတ်များက ရွေးကောက်အရှုပ်အထွေးများလုပ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က စွပ်စွဲသည်။

ပြည်နယ် ၅ ခုတွင် မဲများဆက်လက်ရေတွက်နေချိန် တည်ငြိမ်ကြရန် ဒီမိုကရတ်သမ္မတလောင်း ဂျိုး ဘိုင်ဒန်က တိုက်တွန်းသည်။

ကျန်ပြည်နယ် ၅ ခုတွင် မဲ ၉၀ ရာခိုင်နှုန်းဝန်းကျင်ရေတွက်ပြီးချိန် ပန်ဆယ်ဗေးနီးယား၊ မြောက်ကယ်ရိုလိုင်းနားနှင့် ဂျော်ဂျီယာပြည်နယ်တို့တွင် ထရမ့်က ဦးဆောင်နေပြီး နီဗားဒါးနှင့်အရီဇိုးနားပြည်နယ်တို့တွင် ဘိုင်ဒန်က ဦးဆောင်နေသည်။

ထိုအခြေအနေသည် အမေရိကန်သမိုင်းတလျှောက်တွင် အခါးသီးဆုံးသမ္မတရွေးကောက်ပွဲပြိုင်ဆိုင်မှုဖြစ်နေသည်။ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း ယခုရွေးကောက်ပွဲသည် မဲလာပေးသူအများဆုံးဖြစ်မည်ဟုခန့်မှန်းနေကြသည်။

ဘိုင်ဒန်ကိုမဲလာပေးသူ ၇၃ သန်းကျော်ရှိနေပြီး အမေရိကန်သမ္မတလောင်းတယောက်အများဆုံးရထားသည့်မဲဖြစ်သည့်အပြင် ထရမ့်သည်လည်း မဲသန်း ၇၀ နီးပါးရထားပြီး သမိုင်းတလျှောက်ဒုတိယအများဆုံးမဲရထားသည့်သမ္မတလောင်းဖြစ်သည်။

ယနေ့နေ့လည်ရလဒ်များအရ ထရမ့်က ၂၁၃ မဲရထားပြီး ဘိုင်ဒန်က ၂၅၃ မဲရထားသည်။
Ref : US Election 2020: Trump alleges ‘shenanigans’ as Biden urges calm

#PeopleMedia


Share this post