• Follow Us on

Home ဒီမိုကေရစီပါတီသစ္(ကခ်င္)ပါတီအေနျဖင့္ ကိုဗစ္ ၁၉ စည္းကမ္း သတ္မွတ္ခ်က္ႏွင့္အညီ မဲဆြယ္စည္း႐ုံးေနသည္ဟုဆို

ဒီမိုကေရစီပါတီသစ္(ကခ်င္)ပါတီအေနျဖင့္ ကိုဗစ္ ၁၉ စည္းကမ္း သတ္မွတ္ခ်က္ႏွင့္အညီ မဲဆြယ္စည္း႐ုံးေနသည္ဟုဆို

Share this post

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၉

ကခ်င္ျပည္နယ္ အထူးေဒသ (၁) အေျခစိုက္ နိုင္ငံေရးပါတီျဖစ္ေသာ ဒီမိုကေရစီပါတီသစ္ (ကခ်င္) ပါတီ အေနျဖင့္ ကိုဗစ္ ၁၉ ကာလအတြင္းတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ မဲဆြယ္လ်က္ရွိသည္။

ဒီမိုကေရစီပါတီသစ္ (ကခ်င္) ပါတီသည္ ကခ်င္အထူးေဒသ(၁) ျဖစ္သည့္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ခ်ီေဖြၿမိဳ႕နယ္ႏွင့္ ေဆာ့ေလာ္ၿမိဳ႕နယ္တို႔ကို အဓိကထားဝင္ၿပိဳင္မည့္ နိုင္ငံေရးပါတီျဖစ္ၿပီး မဲဆြယ္စည္း႐ုံးရာတြင္လည္း သတ္မွတ္ စည္းကမ္းခ်က္မ်ားႏွင့္အညီ မဲဆြယ္လ်က္ရွိေၾကာင္း NDP (Kachin) ပါတီမွ အတြင္းေရးမွဴး ဦးေခါတိန္႔က ေျပာသည္။

“ဝိုင္းေမာ္ၿမိဳ႕နယ္မွာေတာ့ ကိုဗစ္ႏုိင္တင္းနဲ႔ ပတ္သက္ၿပီး က်န္းမာေရးကထုတ္ထားတဲ့ စည္းကမ္းႏွင့္ ေရြး ေကာက္ပြဲေကာ္မရွင္ကထုတ္ထားတဲ့ စည္းကမ္းနဲ႔အညီေဆာင္ရြက္ပါတယ္။ ခ်ီေဖြနဲ႔ ေဆာ့ေလာ္ ေတာင္ေပၚ ေဒသေတြ ျဖစ္လို႔ တစ္ရြာမွ ေလးငါးအိမ္၊ ဆယ္အိမ္စု ဒီလို ေလးေတြပဲ ဆိုေတာ့ လူစုလူေဝးနဲ႔ေတာ့ မရွိပါဘူး” ဟု ၎က ေျပာသည္။

ဒီမိုကေရစီပါတီသစ္(ကခ်င္) သည္ ေဒသခံတိုင္းရင္းသားမ်ားျဖင့္သာ ဖြဲ႕စည္းထားၿပီး ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ၎ကထည့္သြင္း ေျပာဆိုသည္။

ယင္းပါတီအေနျဖင့္ လာမည့္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲတြင္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ခ်ီေဖြၿမိဳ႕နယ္ႏွင့္ ေဆာ့ေလာ္ၿမိဳ႕နယ္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္တို႔တြင္ မဲဆႏၵနယ္(၈)ခုအထိ ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ခ်မ္းျမဴး

#PeopleMedia #ဒီမိုကေရစီပါတီသစ္ (ကခ်င္)ပါတီ

(Unicode)
ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီအနေဖြင့် ကိုဗစ် ၁၉ စည်းကမ်း သတ်မှတ်ချက်နှင့်အညီ မဲဆွယ်စည်းရုံးနေ သည်ဟုဆို
………………………………………

မြစ်ကြီးနား၊ အောက်တိုဘာ ၉

ကချင်ပြည်နယ် အထူးဒေသ (၁) အခြေစိုက် နိုင်ငံရေးပါတီဖြစ်သော ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ အနေဖြင့် ကိုဗစ် ၁၉ ကာလအတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မဲဆွယ်လျက်ရှိသည်။

ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီသည် ကချင်အထူးဒေသ(၁) ဖြစ်သည့် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်တို့ကို အဓိကထားဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်ပြီး မဲဆွယ်စည်းရုံးရာတွင်လည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ မဲဆွယ်လျက်ရှိကြောင်း NDP (Kachin) ပါတီမှ အတွင်းရေးမှူး ဦးခေါတိန့်က ပြောသည်။

“ဝိုင်းမော်မြို့နယ်မှာတော့ ကိုဗစ်နိုင်တင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးကထုတ်ထားတဲ့ စည်းကမ်းနှင့် ရွေး ကောက်ပွဲကော်မရှင်ကထုတ်ထားတဲ့ စည်းကမ်းနဲ့အညီဆောင်ရွက်ပါတယ်။ ချီဖွေနဲ့ ဆော့လော် တောင်ပေါ် ဒေသတွေ ဖြစ်လို့ တစ်ရွာမှ လေးငါးအိမ်၊ ဆယ်အိမ်စု ဒီလို လေးတွေပဲ ဆိုတော့ လူစုလူဝေးနဲ့တော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီပါတီသစ်(ကချင်) သည် ဒေသခံတိုင်းရင်းသားများဖြင့်သာ ဖွဲ့စည်းထားပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကထည့်သွင်း ပြောဆိုသည်။

ယင်းပါတီအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ်တို့တွင် မဲဆန္ဒနယ်(၈)ခုအထိ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းမြူး

#PeopleMedia #ဒီမိုကရေစီပါတီသစ် (ကချင်)ပါတီ


Share this post